သိန္နီမြို့ ပန်လော့တိုးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ကားသမားဒဏ်ရာရ

ပစ်ခတ်မှုဖြစ်ပွါးတဲ့ ပန်လော့တိုးဂိတ်

ဒီဇင်ဘာလ ၇ ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ ပန်လော့တိုးဂိတ်တွင် ယနေ့ည ဒီဇင်ဘာ ၇ ရက် ည ၇ နာရီအချိန်ခန့်က မိုင်းကွဲမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ 

မိုင်းကွဲမှုတွင်ကားသမား တဉီး  ဉီးခေါင်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းလည်းသိရသည်။

မိုင်းကွဲမှုဖြစ်ပွါးခဲ့ပြီးနောက်(တဖက်တည်းသာ) ပြန်လည်ပစ်ခတ်သံ ကိုလည်း နာရီ၀က်ခန့်အကြာ ကြားရသည်ဟု သိန္နီဒေသခံများက ပြောသည်။ 

မည်သည့်အဖွဲ့လက်ချက်မှန်းမသိရဟုလည်း ရွာသားများကဆိုပါသည်။ 

အဆိုပါတိုးဂိတ်တွင် ရဲများက အိမ်စီးကားများကို စစ်ဆေးမေးမြန်းခြင်း၊ ကုန်တင်ကားများကို ငွေတောင်းခံခြင်းများပြုလုပ်  နေသည်ဟုလည်း သိရသည်။ 

ယနေ့ညပစ်ခတ်မှုကြောင့် ရဲများ သေကြေမှုရှိမရှိ မသိရ ဟု ရွာသားများ က ပြောသည်။

ပစ်ခတ်မှုကြောင့် အနီးတဝိုက်နေဒေသခံများ စိုးရိမ်ထိတ်လှန့်မှုဖြစ်ပွါး လျှက်ရှိနေပါသည်။ 

SHAN News (Burmese Version) 

သိန္နီမြို့ ပန်လော့တိုးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ကားသမားဒဏ်ရာရ သိန္နီမြို့ ပန်လော့တိုးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ကားသမားဒဏ်ရာရ Reviewed by THITHTOOLWIN on 07:15 Rating: 5

No comments:

Powered by Blogger.