တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီး ဝဲပျံပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့

လေးကေ့ကော်၊ ဒီဇင်ဘာ ၂၄

လေးကေ့ကော်မြို့အနီးဧရိယာမှာ ယခုမွန်းလွဲပိုင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် (၃) စီးပျံဝဲနေပြီး လှည့်လည်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘားအံဘက်ကနေ လွန်ခဲ့တဲ့ (၃:၃၅) မိနစ်ခန့်က ဖြတ်သန်းလာတဲ့ တိုက်လေယာဉ် (၃)စီးဟာ ကော့ကရိတ်မြို့ကို ဖြတ်သန်းပြီး မြဝတီမြို့ကနေ လေးကေ့ကော်အနီးကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

အဆိုပါ တိုက်လေယာဉ်ဟာ မှော်ဘီလေတပ်စခန်းကနေ မွန်းလွဲ (၃:၁၉) မိနစ်မှာ ထွက်ခွါလာတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကတဆင့် သိရပါတယ်။ 

အဆိုပါ တိုက်လေယာဉ်တွေဟာ မွန်းလွဲ (၄) နာရီဝန်းကျင်ခန့်မှာ လေးကေ့ကော်တောင်ဘက်က တောင်ကုန်းဘက်ကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကို ယမန်နေ့ညက စစ်ကောင်စီတပ်တွေ ပြုလုပ်ပြီးနောက် ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်ခဲ့ပေမယ် အာဏာသိမ်းစစ်ကောင်စီတပ်တွေက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ No Fly Zone အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

ဓါတ်ပုံ - ကရင်အမျိုးသားမီဒီယာ

တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီး ဝဲပျံပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့ တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီး ဝဲပျံပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့ Reviewed by THITHTOOLWIN on 18:08 Rating: 5

No comments:

Powered by Blogger.