ကလေးမြို့ရှိပြည်သူများကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်သုံး၍ ပစ်ခတ်သတ်ဖြတ်

ကလေး၊ ဒီဇင်ဘာ ၂၃

ကလေးမြို့နယ်၊ နတ်ချောင်းရွာရှိ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35p ဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့တိုက်ခိုက်မူကြောင့် ကျေးရွာအတွင်း ပိတ်မိနေသူများ ထိခိုက်နိုင်ပြီး ကျေးရွာရှိ ဘုန်ကြီးကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ မနက်ပိုင်းကစ၍ နတ်ချောင်းကျေးရွာ စာသင်ကျောင်းအတွင်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် နေလယ် (၂) နာရီခန့်တွင် ရဟတ်ယာဉ် အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“စစ်တပ်က ဖုန်းလိုင်းတွေ ဖြတ်ပြီးတော့ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်တယ်၊ ရွာသားတွေက ထွက်ပြေးကြပေမဲ့ ထိခိုက်တာတွေရှိတယ်လို့ သိထားရတယ်။ အခုတော့အဆက်အသွယ် အကုန်ပြတ်နေတယ်”ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ 

ရဟတ်ယာဉ်တစ်စီးသည် ကလေးမြို့လေဆိပ်သို့ (၃) နာရီ (၁၅) မိနစ်တွင် ပြန်လည်ဆင်းသက်သွားသည်ဟုလည်း ကလေးမြို့ခံတစ်ဦးက ပြောသည်။ 

ကလေးဒေသ၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေပြီး ယ‌နေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)၊ PDF Kalay နှင့် CNDF တပ်ဖွဲ့တို့က အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

PDF( Kalay) ကလည်း ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ကလေး-ဂန့်ဂေါလမ်းကို သွားလာခြင်းမပြုရန် တားမြစ်ထားသည်။

လူငယ့်ခေတ် / Lu Nge Khit

ကလေးမြို့ရှိပြည်သူများကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်သုံး၍ ပစ်ခတ်သတ်ဖြတ် ကလေးမြို့ရှိပြည်သူများကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ်သုံး၍ ပစ်ခတ်သတ်ဖြတ် Reviewed by THITHTOOLWIN on 17:54 Rating: 5

No comments:

Powered by Blogger.