တနိုင်းမြို့နယ်၊အောင်လောဒ့် ကျေးရွာအနီးက ချောင်းမှာ ပျောက်ဆုံးတဲ့ ကလေး (၃) ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ


ဒီဇင်ဘာ၊၈ 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လောဒ့်ကျေးရွာအနီးက ချောင်းတစ်ခုမှာ ပျောက်ဆုံးသွားတဲ့ ကလေး (၄)ဦးအထဲက  (၃)ဦးကို ဒီဇင်ဘာ(၇)ရက်နေ့ ညနေပိုင်းက ရေနစ် သေဆုံးလျှက် ပြန်လည် တွေ့ရှိရတယ်လို့ သိရပါတယ်။ 

အဲဒီကလေးတွေဟာ ဒီဇင်ဘာလ(၆)ရက်နေ့က ပျောက်ဆုံးသွားတာ ဖြစ်ပြီး နောက်တစ်နေ့ ညနေပိုင်းမှာတော့ (၃)ဦးကို သေဆုံးလျှက်တွေ့ရပြီးတော့ တစ်ဦးပဲ အသက်ရှင် ကျန်နေခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

"ကလေးတွေက မိဘတွေ မတွေ့လိုက်ခင် ညနေပိုင်းလောက်မှာ ရေထဲသွားလိုက်ကြတာ။ လိုက်ရှာကြည့်တော့ မတွေ့တော့ဘူး။ အဲဒီနေ့ တစ်နေ့လုံးရှာတာ မတွေ့ဘူး။ နောက်နေ့ ညနေ(၄)နာရီလောက်မှာ ကလေးတစ်ယောက်က အသက်ရှင်ပြီး တနိုင်းချောင်းဘေးမှာ ရပ်နေတာ တွေ့တာတဲ့။ (၃)ယောက်ကတော့ အသက်မရှိတော့ဘူး။"လို့ ဒေသခံက ပြောပါတယ်။ 

အဲဒီကလေးတွေရဲ့ မိသားစုတွေဟာ တနိုင်း ကက်သလစ် စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဖြစ်ပြီး ဇာတိမြေ အောင်လောဒ်ကျေးရွာဆီ လယ်လုပ်ဖို့ ပြန်ရင်း အခုလို အဖြစ်အပျက်မျိုး ကြုံခဲ့ရတာလို့ အဲဒီဒေသခံက ဆက်လက် ဆိုပါတယ်။ 

"တနိုင်း(RC)စစ်ရှောင်စခန်းက ဟုတ်တယ်။ အောင်လောဒ့်ရွာပြန်ပြီး အလုပ်လုပ်တဲ့ အချိန် ဖြစ်သွားတာ။ ကလေးတွေကို ခေါ်သွားရင်းနဲ့ ဖြစ်တာပေါ့။ အမေတွေက လယ်ထဲဆင်းတဲ့ချိန် ဖြစ်သွားတာ။ ကလေးတွေကို အဖေတွေနဲ့ ထားထားရင်းကနေ ဖြစ်သွားတာပေါ့"လို့ ဒေသခံက ရှင်းပြပါတယ်။ 

သေဆုံးသွားတဲ့ ကလေးတွေ အားလုံးဟာ အသက် (၅)နှစ်အောက် အရွယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။


National Unity Media - NUM 

တနိုင်းမြို့နယ်၊အောင်လောဒ့် ကျေးရွာအနီးက ချောင်းမှာ ပျောက်ဆုံးတဲ့ ကလေး (၃) ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ တနိုင်းမြို့နယ်၊အောင်လောဒ့် ကျေးရွာအနီးက ချောင်းမှာ ပျောက်ဆုံးတဲ့ ကလေး (၃) ဦး ရေနစ်သေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.