စစ်​ကောင်စီတပ်​ရေစကြိုတွင်မိုင်းဆွဲခံရ ၇ ဦး​သေ


မကွေးတိုင်း၊ရေစကြိုမြို့နယ် မအူအုပ်စုတွင် တပ်စွဲထားသော အာဏာသိမ်းစစ်​ကောင်စီတပ် ကင်းလှည့်စဥ်​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့ မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ၇ ဦး​သေဆုံး​ကြောင်း သတင်းထုတ်ပြန်သည်။

မအူအုပ်စုတွင် တပ်စွဲထာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများ ၊ပျူ​စောထီးများသည် အင်းအား၂၀ခန့်ဖြင့် ကင်းလမ်းကြောင်း သုံးကြောင်းလှည့်ရာ မဟာမိတ်ညီနောင်များဖြစ်ကြသော ရေစကြို မြို့နယ် N-YSO ပြောက်ကျားတပ်ဖွဲ့  ၊Myaung Special People's Defense Force - MSPDF ၊ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ် - CHU PDF ၊မြင်းခြံ 27Revolution Forces တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦး​သေဆုံးသွားခြင်းဖြစ်​ကြောင်း ရေစကြို မြို့နယ် N-YSO ပြောက်ကျားတပ်ဖွဲ့ က  ယ​နေ့ညတွင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

People's Spring 

စစ်​ကောင်စီတပ်​ရေစကြိုတွင်မိုင်းဆွဲခံရ ၇ ဦး​သေ စစ်​ကောင်စီတပ်​ရေစကြိုတွင်မိုင်းဆွဲခံရ ၇ ဦး​သေ Reviewed by THITHTOOLWIN on 08:26 Rating: 5

No comments:

Powered by Blogger.