လူသတ်၊ အိမ်မီးရှို့ပြီး ပြန်လာသည့် စကစများကို ကန့်ဘလူနယ်တွင် မိုင်းဆွဲ၊ စကစ(၂၀)ကျော် ထိခိုက်သေဆုံး

MFP ၊ ဒီဇင်ဘာ - ၂၀

တန့်ဆည်မြို့နယ် ကျွန်းလည်ရွာအတွင်း ထင်တိုင်းကျဲ မွှေနှောက်သောင်းကြမ်းကာ လူသတ်၊ နေအိမ်မီးရှို့ ဖျက်ဆီးပြီး  ပြန်ထွက်လာသည့် စစ်ကောင်စီ လက်နက်ကိုင်များကို ကန့်ဘလူမြိူ့နယ် မိုးကောင်းရွာ အရောက်တွင် မိုင်းခွဲတိုက်ခိုက်ရာ စကစ(၂၀)ကျော် ထိခိုက်သေဆုံးကြောင်း တန့်ဆည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖတန့်ဆည်)က သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ(၂၀)ရက် မနက်(၁၁)နာရီက ဆိုင်ကယ်သုံးစီး၊ ကားတစ်စီးဖြင့် သွားလာနေသော အင်အား(၃၀)ခန့်ပါ စစ်ကောင်စီ လက်နက်ကိုင်များကို ကန့်ဘလူမြို့နယ် မိုးကောင်းရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ(၃၀)ခန့်အနက် (၇)ဦးသာ ပြန်ထလာနိုင်သည်ဟု ပ.က.ဖ တန့်ဆည်က ဆိုသည်။

အဆိုပါ စစ်ကောင်စီ လက်နက်ကိုင်များသည် တန့်ဆည်မြို့နယ် ကျွန်းလည်ရွာသို့ စီးနင်းဝင်ရောက်၍ ထင်တိုင်းကျဲ မွှေနှောက် သောင်းကြမ်းကာ  ဒေသခံရွာသား တစ်ဦးကို ပစ်သတ်ပြီးနောက်  နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့သူများ ဖြစ်သည်ဟု ပ.က.ဖ တန့်ဆည်က ဆိုသည်။

ထို့နောက် အဆိုပါ ရွာမှ ပြန်ထွက်လာပြီး ကျွန်းလှနယ်သို့ ရောက်ရှိချိန်တွင် တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် တန့်ဆည်မြို့နယ် PDF တပ်ရင်း(၁၀)တို့ ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီ တပ်များဟာ ကျွန်းလည်ကျေးရွာမှ ကန့်ဘလူမြို့နယ် မိုးကောင်းရွာသို့အကူး ချောင်းတံတားမှာ တန့်ဆည်မြို့နယ် ပကဖနှင့် pdf တပ်ရင်း ၁ဝတို့ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စကစတပ် ၃ဝကျော် အနက်တွင် ၇ ယောက်သာ ပြန်ထနိုင်ပါတယ်" ဟု ပ.က.ဖ တန့်ဆည်က ထုတ်ပြန်ထားသည်။

မိုင်းဆွဲခံရပြီးနောက် မသေဘဲ ကျန်နေသေးသော စစ်ကောင်စီ လက်နက်ကိုင်များကို ကန့်ဘလူမြို့ လူမှုကူညီရေး အသင်းက လာရောက် သယ်ဆောင်သွားသည်ဟု ဆိုသည်။

Mandalay Free Press - MFP

လူသတ်၊ အိမ်မီးရှို့ပြီး ပြန်လာသည့် စကစများကို ကန့်ဘလူနယ်တွင် မိုင်းဆွဲ၊ စကစ(၂၀)ကျော် ထိခိုက်သေဆုံး လူသတ်၊ အိမ်မီးရှို့ပြီး ပြန်လာသည့် စကစများကို ကန့်ဘလူနယ်တွင် မိုင်းဆွဲ၊ စကစ(၂၀)ကျော် ထိခိုက်သေဆုံး Reviewed by THITHTOOLWIN on 08:43 Rating: 5

No comments:

Powered by Blogger.