မုံရွာ-ယာကြီး-ကလေး၀လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ စကစတပ်သား ၃၀ ကျော်သေဆုံးနိုင်

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေး၀ကားလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ဒီဇင်ဘာ ၉ရက် ယနေ့နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစတပ်သား ၃၀ ကျော်သေဆုံးနိုင်ကြောင်းသိရှိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာ ယာကြီး ကလေးဝ လမ်းမိုင်တိုင် ၆၅အနီးမှာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
မဟူရာကျောက်ရိုင်း(မင်းကင်းနွေဦးတော်လှန်ရေး)အဖွဲ့နဲ့ KLG PDF (ကနီ)တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးဆိုင်ကယ်(၇)စီးနဲ့ကား(၂)စီး ထိမှန်ပျက်စီးခဲ့ကာ စကစနဲ့ပျူစောထီး အယောက်(၃၀)နဲ့(၄၀)အကြားထိသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားလည်းရှိခဲ့တယ်လို့ KLG PDF (ကနီ)အဖွဲ့ကထုတ်ပြန်ထားသည်။ 

ယခုချိန်ထိပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲပြင်းထန်လာနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ ၎င်းအဖွဲ့ကဆက်လက်ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ အများအပြားကျဆုံးလျက်ရှိပေသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

မုံရွာ-ယာကြီး-ကလေး၀လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ စကစတပ်သား ၃၀ ကျော်သေဆုံးနိုင် မုံရွာ-ယာကြီး-ကလေး၀လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ စကစတပ်သား ၃၀ ကျော်သေဆုံးနိုင် Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.