ချင်းပြည်နယ် ပလက်ဝမြို့နယ် တိန်းလက်ဝကျေးရွာနှင့် တမန်းသားကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ၁၈ နှစ်အထက် ချင်းလူငယ်များကို လူသစ်စုဆောင်းမှုပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
၄င်းကျေးရွာက ပြည်သူများကို ချင်းအမျိုးသားတပ်ဦး CNF နှင့်အဆက်သွယ်ပြုလုပ်သည်ဟုဆိုကာ လွန်ခဲ့သည့် နှစ်လကတည်းက စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ချကာ ရှောင်တခင်စစ်ဆေးမူ၊ အိမ်ထောင်စုစာရင်းစစ်ဆေးမူ ဆက်တိုက်စစ်ဆေးမူပြုလုပ်လျှက်ရှိသည်။
၎င်းကျေးရွာများအား စစ်ကောင်တပ်က အလုပ်လုပ်ချိန်မနက် ၈ နာရီ မှ ည ၄ နာရီထိ သတ်မှတ်ပေးပြီး ကျေးရွာနေ ချင်းလူငယ်များ ထွက်ပြေးတိမ်းရှောင်မူမရှိအောင် ခရီးထွက်ခွင့်မပေးသည့်အပြင် ကျေးရွာချင်း နေ့ချင်းပြန်ခရီးသွားမည်ဆိုလျှင် မှတ်ပုံတင်ယူဆောင်ခြင်းမပေးပဲ စစ်ကောင်စီတပ်က မှတ်ပုံတင် သိမ်းဆည်းမူများပြုလုပ်လျှက်ရှိသည်။
Zalen
ပလက်ဝမြို့နယ်တွင် အသက် ၁၈နှစ်အထက် ချင်းအမျိုးသားများကို စစ်ကောင်စီတပ်မှ လူသစ်စုဆောင်းမူ ပြုလုပ်နေ
Reviewed by THITHTOOLWIN
on
05:04
Rating:
No comments:
Post a Comment