မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်း၊ မြို့အဝင်အထွက်ဂိတ်တွေထားရှိစစ်ဆေးမယ်လို့ ထုတ်ပြန်

မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း မြို့အဝင်အထွက်ဂိတ်တွေကို ဒီဇင်ဘာ ၃ ရက်နေ့ကစတင်ထားရှိပြီး မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့-CDSOM က ဦးဆောင်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အဲဒီအဖွဲ့ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အဲဒီဂိတ်တွေမှာ စစ်ဆေးစဉ် စစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို တွေ့ရှိရင် ပြည်သူပိုင်သိမ်းမှာဖြစ်ပြီး စစ်ဆေးမှုကို ငြင်းဆန်မယ်ဆိုရင် ဂိတ်မှူးတွေက ထိရောက်စွာအရေးယူမယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

စစ်ကိုင်းဘက်က လာတဲ့ မြောင်မြို့အဝင်ဂိတ်ကို နတ်မြင်းဂိတ်၊ မြောင်အရှေ့ဘက်ပိုင်းကို မင်းယက္ခနဲ့ ဆင်ရိုင်းဂိတ်၊ မြောင်တောင်ပိုင်း ကျွန်းတဲအရပ်မှာ ဗိုလ်ကျားသစ်ဂိတ်၊ မြောင်အနောက်ခြမ်းကုန်းမြေကို ခြင်္သေ့မင်းဂိတ်နဲ့ ချင်းတွင်းမြစ်ကြောင်းကို နှလုံးလှဂိတ် ဆိုပြီး ဂိတ်တွေအသီးသီး စီစဉ်ထားပြီးပြီလို့လည်း ဆိုပါတယ်။

အခုလို ဂိတ်တွေမှာ အဝင်အထွက်တွေကို စစ်ဆေးထိန်းချုပ်မှုတွေ ပြုလုပ်ပေမယ့် ပြည်သူတွေထံ ဆက်ကြေးကောက်ခံခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းများ လုံးဝဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၃ ရက်နေ့က ချင်းတွင်းမြစ်ထဲမှာ မန္တလေးကနေ မုံရွာကို သယ်ယူပို့ဆောင်နေတဲ့ စစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသင်္ဘောနဲ့ BOC သင်္ဘောတို့ကို ထိန်းသိမ်းထားလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို သင်္ဘောတွေ ထိန်းသိမ်းခံရပြီး မြောင်မှာ အဝင်အထွက်ဂိတ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်လိုက်တယ်ဆိုတဲ့အပေါ် စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

BBC Burmese

မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်း


မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်း၊ မြို့အဝင်အထွက်ဂိတ်တွေထားရှိစစ်ဆေးမယ်လို့ ထုတ်ပြန်  မြောင်မှာ စစ်ကောင်စီပိုင် သင်္ဘောနှစ်စီးကို ဒေသကာကွယ်ရေးတပ်က ထိန်းသိမ်း၊ မြို့အဝင်အထွက်ဂိတ်တွေထားရှိစစ်ဆေးမယ်လို့ ထုတ်ပြန် Reviewed by THITHTOOLWIN on 07:18 Rating: 5

No comments:

Powered by Blogger.