မိုးညိုမှာ အုပ်ချုပ်ရေးမှူးတွေကိုငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်နေ

မိုးညို၊ဒီဇင်ဘာ ၂၁၊၂၀၂၁

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ မြစ်သာရွာမှာ အုပ်ချူပ်ရေးမှူးကိုငွေပေးပြီး လောင်းကစားဝိုင်းတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လောင်းကစားဒိုင်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက အဲ့ဒီရွာရဲ့အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး တပါတ်မှာ ၂ရက် ပုံမှန်လာလုပ်နေကြတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

“ လာလုပ်တဲ့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးကို နှစ်ရက်ကိုတစ်သိန်းပေးရတယ်၊ မြို့နယ်ကိုတော့ ၄သိန်းလား ငါးသိန်းလားမသိဘူးပေးရတယ်လို့ကြားတယ်၊ “ လို့သူကပြောပါတယ်။ 

မြစ်သာရွာအပြင် အခြားအနီးနားကရွာအချို့မှာလည်းခုလိုပိုက်ဆံပေးပြီး လောင်းကစားဝိုင်းတွေလုပ်နေတယ်လို့ သိရပေမယ့် မြေလတ်အသံအနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

မြေလတ်အသံ - Myaelatt Athan 



မိုးညိုမှာ အုပ်ချုပ်ရေးမှူးတွေကိုငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်နေ မိုးညိုမှာ အုပ်ချုပ်ရေးမှူးတွေကိုငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်နေ Reviewed by THITHTOOLWIN on 17:40 Rating: 5

No comments:

Powered by Blogger.