မင်းတပ်မြို့နယ်ထဲက ဝမ္မသူးတိုက်နယ်ဆေးရုံပေါ် လက်နက်ကြီးကျ

ပြီးခဲ့တဲ့သြဂုတ်လလည်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ္မသူးဆေးရုံဝန်းအိမ်ရာနဲ့ လူနေအိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးကျေးရွာထဲမှာရှိတဲ့ ဝမ္မသူ တိုက်နယ်ဆေးရုံပေါ်ကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်မှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

''ဝမ္မသူးကျေးရွာတိုက်နယ် ဆေးရုံပေါ်ကို လက်နက်ကြီး ၃ ချက်လောက်ကျတဲ့အထဲမှာ အမျိုးသမီး လူနာဆောင်ကြားမှာ အဆောက်အဦးပေါ် တည့်တည့်တစ်လုံးကျတယ်။ ၂ ကြိမ်က ဆေးရုံဝန်းထဲလို့ ပြောတယ်။ ပျက်စီးမှု အတိုင်းအဆကို ဆက်ပြီး စုံစမ်းနေပြီ'' လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

အဲဒီတိုက်နယ်ဆေးရုံဟာ အနီးနားက ထိခိုက် ဖျားနာသူတွေအတွက် အားကိုးနေရတဲ့ ဆေးရုံတစ်ရုံဖြစ်သလို စစ်ရှောင်တွေ ကျန်းမာရေးအတွက် အားထားနေရတဲ့ ဆေးရုံလည်းဖြစ်တယ်လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးကျေးရွာဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေလို့ ဝမ္မသူရွာရော အနီးနား ကျေးရွာက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

BBC Burmese
မင်းတပ်မြို့နယ်ထဲက ဝမ္မသူးတိုက်နယ်ဆေးရုံပေါ် လက်နက်ကြီးကျ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးတိုက်နယ်ဆေးရုံပေါ် လက်နက်ကြီးကျ Reviewed by THITHTOOLWIN on 18:00 Rating: 5

No comments:

Powered by Blogger.