ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သား (၁) ယောက် အူပွင့်သေ


ဒီဇင်ဘာ ၉  

ကောလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို ကျွဲတစ်ကောင်ဝင်ခတ်ရာ စစ်ကောင်စီတပ်သား (၁) ဦး အူပွင့်ပြီး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ကြို့ပင်အုပ်စု အုတ်တိုက်ကုန်းကျေးရွာ အတွင်း နှောက်ယှက်ဖျက်ဆီးပြီး ပြန်အလာ ညောင်ပင်ရိုးကျေးရွာမှ အနောက်ဘက် ပျဉ်းပင်ရွာသို့အကူး တာဝါတိုင်အနီးအရောက်တွင် ကျွဲတစ်ကောင်မှ ဝင်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကောလင်းအနောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထွက်နေတုန်း ကျွဲဝင်ခတ်တာပဲ။ တယောက် အူပွင့်ပြီးသေသွားတယ်။ ကျွဲကိုတော့ ပြည်သူချစ်သောကျွဲလို့ နာမည်ပေးထားတယ်။ စစ်ကောင်စီတပ်တွေ ပြည်သူ့ကျိန်စာသင့်နေတာ” ဟု ကောလင်းဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သား (၁) ယောက် အူပွင့်သေ ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သား (၁) ယောက် အူပွင့်သေ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.