သထုံမှာ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေ နှစ်ဦး ဒဏ်ရာရ

သထုံ၊ ဒီဇင်ဘာ ၆

သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးမှာ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNLA သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)နယ်မြေထဲကို စစ်ရေးလှုပ်ရှားမှု ထွက်လာတဲ့ စစ်ကြောင်းကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)နဲ့သထုံမြို့ပြ အထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

"မနေ့က စကစ လှုပ်ရှားစစ်ကြောင်းတစ်ခု နယ်မြေကျော်လာလို့ မိုင်းဆွဲတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သိရတယ်။ သူတို့ဘက်က ထိခိုက်မှုတွေလဲရှိတယ်''လို့ KNAL တပ်မဟာ(၁)တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို KNAL တပ်မ(၁)နဲ့ သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ မိုင်းဆွဲတိုက်ခိုက်တာ၊ ကြားဖြတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 



သထုံမှာ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေ နှစ်ဦး ဒဏ်ရာရ သထုံမှာ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေ နှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:09 Rating: 5

No comments:

Powered by Blogger.