နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ


ဒီဇင်ဘာ ၈

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းသိရသည်။

“ဒီနေ့မှာ ပုဇဉ်း (ရဟတ်ယာဥ်)တွေက ပုံမှန်ထက် တက်လိုက်ဆင်းလိုက် လုပ်နေတော့ လူလာချသလား၊ လူသယ် သွားသလား တစ်ခုခုပဲ၊ ရိက္ခာပို့တာလည်း ဖြစ်နိုင်တယ်လေ၊ ထောက်ပို့လုပ်ငန်းတွေ လုပ်နေတယ်လို့ မြင်တယ်” ဟု နမ့်စန်မြို့နေ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် သျှမ်းပြည်အတွင်းနှင့် တခြားဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လေကြောင်းမှတစ်ဆင့် တိုက်ခိုက်နှိမ်နှင်းရန်အတွက် နမ့်စန်မြို့မှ လေတပ်ကို စစ်ရေးအခြေစိုက်စခန်းအဖြစ်အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ 

“ကြားရသလောက်ဆို သူတို့ (စစ်ကောင်စီ)တွေက ဒီလေတပ်စခန်းကို အကြမ်းဖက်စစ်တပ်က ပြည်တွင်းလေ ကြောင်းတိုက်ခိုက်ဖို့ စစ်ရေးအခြေချစခန်းလုပ်မယ်တဲ့၊ ဒီနေ့ဆို အတက်အဆင်း ၄ ခါလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် နမ့်စန်မြို့ရှိ အာဏာသိမ်း စစ်ကောင်စီတို့၏ လေတပ်စခန်းတွင် ရဟတ်ယာဥ်များ အတက်အဆင်း သုံးကြိမ်ထက် မနည်း ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။ 

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်) နေ့ခင်းပိုင်း အချိန်တွင်လည်း နမ့်စန်လေတပ်စခန်းမှ စစ်ကောင်စီ တို့၏ ရဟတ်ယာဥ်သည် မြို့ထဲနှင့် အနီးပတ်ဝန်းကျင်သို့ အကြိမ်ကြိမ်အခါခါ လှည့်လည်ပျံသန်းမှု ပြုလုပ်နေကြောင်း သတင်းသိရသည်။ 

နမ့်စန်မြို့သည် သျှမ်းပြည်တောင်ပိုင်းအတွင်းတွင် တည်ရှိနေပြီး သျှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။


SHAN News (Burmese Version) 

နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.