မကွေးမြို့ ထွေအုပ်ရုံးထဲရှိ စစ်ကောင်စီတပ်သားများအား မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့က ဗုံးဖြင့်လာပစ်


မကွေး၊ ဒီဇင်ဘာ ၃၊ ၂၀၂၁ 

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပေါင်းစုံထဲတွင် စောင့်နေသော ရဲသား စစ်သားများအား Magway Division Army Hidden Dragon မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့ က ဗုံး ၁ လုံးပစ်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံကသိရပါတယ်။

ပစ်ခတ်မှုမှာ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လည် ၁ နာရီခန့်ကဖြစ်ပြီး ဖြစ်စဥ်နှင့်ပတ်သက်လို့ "ဒီနေ့တော့ MDA-နဂါးတွေ မကွေးမြို့ ပြည်တော်သာ ရပ်ကွက်ထဲက အထွေအထွေရုံးပေါင်းစုံထဲက စစ်သားတွေရဲသားတွေကို ဗုံးဝင်ထုခဲ့ပါတယ်၊ နေ့လည် ၁ နာရီ နောက်ပိုင်းပါခင်ဗျ၊ ဗုံးကတော့ ၁ လုံးထဲပါဘဲ ခင်ဗျ၊အကျအဆုံး ရှိမရှိတော့ မသိရသေးပါဘူးခင်ဗျ၊" ဟု မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ယင်းပစ်ခတ်မှုအပြီး စစ်ကားရဲကားများဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း နဂါးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာလွတ်မြောက်ခဲ့ကြောင်း မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့ ထံကသိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့ ပညာရေးမှူးရုံးနှင့်စစ်သားအိပ်ဆောင်အား MDA-နဂါးတပ်ဖွဲ့ ကဗုံးပစ်တိုက်ခိုက်ခဲ့ပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan 

မကွေးမြို့ ထွေအုပ်ရုံးထဲရှိ စစ်ကောင်စီတပ်သားများအား မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့က ဗုံးဖြင့်လာပစ် မကွေးမြို့ ထွေအုပ်ရုံးထဲရှိ စစ်ကောင်စီတပ်သားများအား မကွေးတိုင်းတပ်တော်နဂါးတပ်ဖွဲ့က ဗုံးဖြင့်လာပစ် Reviewed by THITHTOOLWIN on 00:13 Rating: 5

No comments:

Powered by Blogger.