သံ​တောင် (၁၃)တွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ

သံတောင်မြို့ (၁၃)မိုင်၌ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ​ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၄ ရက်)နံနက် ၈နာရီ၄၅မိနစ်အချိန် တွင် သံတောင်မြို့ဆေးရုံအောက်လမ်းမပေါ် ဈေးဝယ်ရန်    အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းလာသည့် စစ်ကောင်စီတပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းသူမှာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီး နောက်မှပါလာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် စစ်ကောင်စီ စခန်းသို့ပြန်လည်ခေါ်ဆောင်ပြီးနောက် နံနက် ၁၀ နာရီခန့်တွင် တောင်ငူ စစ်ဆေးရုံ၌ သေဆုံးခဲ့သည်ဟု သိရသည်။

ပစ်သတ်ခံရသူ  စစ်ကောင်စီတပ်သား နှစ်ဦးထံမှ လက်နက် တစ်လက်ရရှိခဲ့ကြောင်းလည်း ဒေသခံသတင်းရင်း​မြစ်က ဆိုသည်။

"ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ကပ်ပစ်သွားကြတာ"ဟု ၎င်းက ပြောသည်။

သံတောင်ကြီးမြို့နယ် သံတောင်မြို့သည် KNU တပ်မဟာ (၂) ၏ နယ်မြေတစ်ခု ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့သည်။

People's Spring 

သံ​တောင် (၁၃)တွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ သံ​တောင် (၁၃)တွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.