မင်္ဂလာစျေးမီးပွိုင့်ရှိ ယာဥ်ထိန်းရဲရုံး မီးလောင်

Photo - မီးလောင်မှုဖြစ်ပွါးခဲ့သည့် မင်္ဂလာစျေးမီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲကင်း/ CJ

ရန်ကုန်၊ ဒီဇင်ဘာ ၂ 

ရန်ကုန်မြို့၊ မင်္ဂလာစျေး မီးပွိုင့်ရှိ၊ ယာဥ်ထိန်းရဲရုံးတွင် ယနေ့ ဒီဇင်ဘာလ ၂ ရက် ညနေ ၆ နာရီကျော်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ တဆင့် သိရသည်။

" ညနေက မင်္ဂလာစျေး မီးပွိုင့်ထောင့်က ယာဥ်ထိန်းရဲရုံး မီးလောင်မှု ဖြစ်တာပါ။ မီးရှို့ခံရတယ် လို့လည်း ပြောတယ်။ သေတော့မသေချာဘူး။” ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “မီးလောင်မှု ဖြစ်ပြီးပြီးချင်း အနီးအနားမှာ ရှိတဲ့ လူငယ် ယောကျ်ားလေးတွေကို ထိုင်ခိုင်းထားပြီး ဖမ်းထားတယ်။ မီးလောင်တာကတော့ ၁၀ မိနစ်လောက်ပဲ ကြာပြီး ငြိမ်းသွားပါတယ် " ဟု ရှင်းပြသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် အကြောင်းကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

မီးလောင်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်ကလည်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်း မီးရှို့ခံခဲ့ရသေးသည်။


Lu Nge Khit

မင်္ဂလာစျေးမီးပွိုင့်ရှိ ယာဥ်ထိန်းရဲရုံး မီးလောင် မင်္ဂလာစျေးမီးပွိုင့်ရှိ ယာဥ်ထိန်းရဲရုံး မီးလောင် Reviewed by THITHTOOLWIN on 00:02 Rating: 5

No comments:

Powered by Blogger.