ဒီဇင်ဘာ ၁၂ ၊ ၂၀၂၁
ဒီဇင်ဘာလ ၁၇ ရက်နေ့က နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် အကြမ်းဖက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်အတွင်းမှာ ရွာသားကိုးဦးဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ ဒေသခံတွေကတော့
(၁) မောင်ဖိုးချစ် /အသက် - ၁၈ နှစ်
(၂) ဦးဇော်ဌေးဦး /အသက် - ၄၈ နှစ်
(၃) မောင်သားချစ် /အသက် - ၁၅ နှစ်
(၄) မောင်ဝေလင်း /အသက် - ၂၆ နှစ်
(၅) မောင်ဖြိုးဝေထွေး /အသက် - ၂၀ နှစ်
(၆) မောင်နန်းဝေအောင် /အသက် - ၁၇ နှစ်
(၇) ဦးတင်ဌေး /အသက် - ၄၀ နှစ်
(၈) ဦးကျော်ဌေး /အသက် - ၄၅ နှစ်နှင့်
(၉) ကိုပါးသိုင်း /အသက် - ၃၀ ကျော် ခန့်တို့ဖြစ်ပါတယ်။
“မြင်တွေ့ရတဲ့ ရုပ်အလောင်းပုံတွေအရ အများစုဟာ လက်ပြန်ကြိုးတုပ်ခံထားရပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်ပါတယ်။ ရဟတ်ယာဉ်နဲ့ပစ်တုန်းက ထိထားတာမျိုးထက် သူတို့စစ်သားတွေဝင်လာပြီး ဖမ်းဆီးထားတဲ့ပုံမျိုး ပြီးမှ ဒူးထောက်ခိုင်းထားပြီး အနီးကပ်ပစ်သတ်ထားကြတာ” လို့ ရုပ်အလောင်းတွေရဲ့ အခြေအနေကို ကိုဒီမွန်က ပြောပြပါတယ်။
သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးပါဝင်ပြီး နှမ်းခါးရွာသား နှစ်ဦး၊ နှမ်းခါးရွာဘေးရှိ မွေ့လယ်ရွာသား ခြောက်ဦးနဲ့ အခြားအတည်မပြုနိုင်သေးသူတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။
အသတ်ခံရသူ အများစုဟာ ရွာနံဘေးရှိ လယ်ကွင်းတွေမှာ ကောက်ရိတ်သိမ်းနေသူတွေဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ဝင်စီးချိန် အဖမ်းခံရသူ တွေဖြစ်တယ်လို့ ကိုဒီမွန်ကပြောပါတယ်။
အခုလို ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအပြင် ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေလဲ ရှိခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ နှမ်းခါးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေကြတယ်လို့ သိရပါတယ်။
ဟံသာဝတီနှင့် မြောက်ခင်ရန်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာလဲ Faw ကား ၄ စီးနဲ့လာရောက်ပြီး နှမ်းခါးကျေးရွာ ဝန်းကျင်ရှိ စပါးခင်းများကို ရိတ်ခြွေယူဆောင်ခြင်း၊ ဆိုင်ကယ်တွေအပါအဝင် နေအိမ်တွေအတွင်းရှိ တန်ဖိုးကြီးပစ္စည်းအများအပြားကိုလည်း သယ်ယူနေကြတယ်လို့လဲ သိရပါတယ်။
Public Voice Television
No comments:
Post a Comment