"စစ်တပ်ထဲပြန်လည်ဝင်ထွက်နေသော စစ်မှုထမ်းဟောင်းတစ်ဦး တကယ်ပင်စင်မယူလိုက်ရခင် သေဆုံး"

မင်းရွာ | 8.12.2021(WED) | 9:30 PM

အရာတော်တောင်နယ်၊ မင်းရွာကြီးမှ စစ်မှု‌ထမ်းဟောင်းတစ်ဦး ယမန်နေ့က သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ မင်းရွာနေ ကိုလတ်(ခ)ချင်းပု ဆိုသူဖြစ်ပြီး စစ်တပ်မှ ပင်စင်ယူထားသော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်ထဲ ပြန်လည်ဝင်ထွက်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ 

"ပင်စင်ယူထားပေမယ့် တပ်ထွက်ဆိုတော့ စစ်တပ်မှ စစ်တပ်ပဲ။ တော်လှန်ရေးကိစ္စတွေကို အမြဲထေ့ငေါ့ပြောတတ်တဲ့သူဗျ။ ခုနောက်ပိုင်း ပိုဆိုးပေါ့။ တပ်နဲ့အမြဲအဆက်အသွယ်လုပ်နေတဲ့အပြင် မြို့ထဲမှာပါ ယူနီဖောင်းနဲ့ တွေ့နေရတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အမည်မသိအဖွဲ့က သတ်ဖြတ်သွားသည့် ကိုလတ်၏ အလောင်းကို ရွာအနီး လမ်းဘေးတောစပ်တစ်‌နေရာတွင်  ဖြတ်သန်းသွားသူများက တွေ့ရှိခဲ့သည်။ အလောင်းတွေ့ပြီးနောက် စစ်တပ်က လာရောက်ကြည့်ရှုကာ အတော်ကြာမှ အလောင်းကောက်သွားပြီး မနေ့ညက အရာတော်သင်္ချိုင်းတွင် သဂြိုလ်သွားသည်ဟု သိရှိရသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"စစ်တပ်ထဲပြန်လည်ဝင်ထွက်နေသော စစ်မှုထမ်းဟောင်းတစ်ဦး တကယ်ပင်စင်မယူလိုက်ရခင် သေဆုံး" "စစ်တပ်ထဲပြန်လည်ဝင်ထွက်နေသော စစ်မှုထမ်းဟောင်းတစ်ဦး တကယ်ပင်စင်မယူလိုက်ရခင် သေဆုံး" Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.