ဘုရားသုံးဆူက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

 ဒီဇင်ဘာ ၆

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ချောင်းဆုံကျေးရွာမှာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူမှာ ချောင်းဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ဆိုသူဖြစ်ပြီး နေအိမ်ရှေ့မှာရှိနေစဉ်  သေနတ်သမားက လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။

"သူနေအိမ်ရှေ့မှာ ရှိနေချိန်ပစ်သတ်ခံရတယ်လို့ သိရတယ်။ ဘယ်သူလာပစ်လဲဆိုတာတော့ မသိရဘူး။ သွားလဲမကြည့်ရဲဘူး။ စကစ ဘက်ကတော့ လာစစ်သွားကြတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးဇော်မျိုးအောင်မှာ သေနတ်ကျည် ၃ ချက်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times

ဘုရားသုံးဆူက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ ဘုရားသုံးဆူက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:09 Rating: 5

No comments:

Powered by Blogger.