တွံတေး လာကပုံရွာအုပ်ချုပ်ရေးမှူး ဒလန် သန်းလှိုင်ကို ပျောက်ကျားတပ်ဖွဲ့ ရှင်းလင်း

တွံတေး၊ ဒီဇင်ဘာ ၂၃

တွံတေးမြို့နယ် လာကပုံကျေးရွာ အုပ်ချုပ်ရေးမှူး ကုလား (ခ) သန်းလှိုင်ကို တွံတေးမြို့ပြပျောက်ကျားတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်၌ သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့သည်။

အုပ်ချုပ်ရေးမှူး ကုလား(ခ)သန်းလှိုင်သည်

အကြမ်းဖက် စစ်ကောင်စီက အများပြည်သူနေအိမ်များကို အကြမ်းဖက်စီးနင်းခြင်း၊ အင်အားသုံးကင်းလှည့်ကာ အကြမ်းဖက်မှုများ လုပ်‌ဆောင်ခြင်း၌ ရှေ့ဆုံးမှ လိုက်ပါကာ ဒလန်အဖြစ် လုပ်ဆောင်နေသည့်အတွက် ပစ်သတ်ခဲ့ရခြင်းဖြစ်သည်ဟု တွံတေးမြို့ပြပျောက်ကျားတပ်ဖွဲ့က ဆိုသည်။

၎င်းသည် လာကပုံကျေးရွာတွင် စစ်ကောင်စီက ခန့်အပ်သည့် ဒုတိယမြောက် အုပ်ချုပ်ရေးမှူးဖြစ်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း တွံတေးမြို့လယ် သာသနာဗိမာန်အနီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ဒလန် ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးလှဝေ ပစ်ခတ်ခံခဲ့ရသေးသည်။

တွံတေး မြို့ပြပြောက်ကျားတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ အပေါင်းအပါ ပျူစောထီး၊ပြည်သူ့စစ်၊ ဒလန်များနှင့် ကျေးရွာအုပ်ကြီးများကို ဆက်လက် အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

လူငယ့်ခေတ်/Lu Nge Khit



တွံတေး လာကပုံရွာအုပ်ချုပ်ရေးမှူး ဒလန် သန်းလှိုင်ကို ပျောက်ကျားတပ်ဖွဲ့ ရှင်းလင်း တွံတေး လာကပုံရွာအုပ်ချုပ်ရေးမှူး ဒလန် သန်းလှိုင်ကို ပျောက်ကျားတပ်ဖွဲ့ ရှင်းလင်း Reviewed by THITHTOOLWIN on 17:55 Rating: 5

No comments:

Powered by Blogger.