မြောက်ဒဂုံ ဗထူးလမ်း ပေါ်မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ |
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်အတွင်းက နေအိမ်တွေနဲ့ တိုက်ခန်းတွေအတွင်း လက်နက်ခဲယမ်းတွေ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက လာမယ့် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီးလာရောက်အပ်နှံကြဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်နဲ့လိုက်ပြီး အသိပေးနေတယ်လို့ မြောက်ဒဂုံ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၅ ရပ်ကွက်မှာ လိုက်လံအသိပေးခဲ့ကြောင်းနဲ့ အနီးတစ်ဝိုက်က ရပ်ကွက်တွေမှာ အခုလို အသိပေးတာတွေမကြားရသေးဘူးလို့လည်း ဒေသခံအချို့က ဘီဘီစီကို ပြောပါတယ်။
မြောက်ဒဂုံ ၁၁ ရပ်ကွက်၊၁၂ ရပ်ကွက်၊၃၇ ရပ်ကွက်၊၄၇ ရပ်ကွက် တို့ဘက်ကဒေသခံတွေက တော့လတ်တလောသူတို့ဘက်မှာ မကြားရသေးကြောင်းလည်း ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ အဲ့ဒီထုတ်ပြန်ချက်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ CRPHနှင့် PDF အဖွဲ့များက ရပ်ကွက်များအတွင်းရှိ နေအိမ်များ၊ တိုက်ခန်းများမှာ သေနတ်၊ မိုင်းနဲ့ ဆက်သွယ်ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး လာရောက်အပ်နှံလို့ရှိရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များနဲ့ ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးရုံးများကို လာရောက် အသိပေးအကြောင်း ကြားဖို့ နှိုးဆော်နေခဲ့တာဖြစ်ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ၄၉ ရပ်ကွက် ရဲစခန်းနဲ့ ၄၅ ရပ်ကွက် ရဲစခန်းတို့ကို မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
BBC Burmese
မြောက်ဒဂုံရပ်ကွက်အချို့မှာ လက်နက်တွေ လာအပ်ဖို့ အသံချဲ့စက်နဲ့လိုက်အော်နေ
Reviewed by THITHTOOLWIN
on
22:32
Rating:
No comments:
Post a Comment