ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(B21) စစ်ရေးပြအခမ်းအနား ကျင်းပ

ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(B21) စစ်ရေးပြ အခမ်းအနားကို  ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ကနီမြို့နယ်အတွင်းရှိ တောတွင်းနေရာတစ်ခုမှာ ကျင်းပပြုခဲ့တာဖြစ်ပြီး အဲဒီစစ်ရေးပြအခမ်းအနားကို  B21(kani)နဲ့ မဟာမိတ်ပြုလုပ်ထားတဲ့တပ်ရင်းတပ်ဖွဲ့အသီးက တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ယင်းမာပင်၊ဆားလင်းကြီး၊ပုလဲစတဲ့ဒေသတွေဟာ  အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့ ခရိုင်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက ချင်းတွင်းမြစ်အနောက်ဘက်မှာရှိတဲ့ ကနီ၊ယင်းမာပင်၊ဆားလင်းကြီး၊ပုလဲစတဲ့ဒေသတွေကို ဖြတ်လေးဖြတ်ပြုလုပ်ခဲ့တာ လပေါင်းအတော်ကြာနေပြီဖြစ်ပါတယ်။

စစ်ရေးပြအခမ်းအနားပြီးဆုံးတဲ့နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကို အမြစ်ပြတ်ချေမှုန်သွားရန်ရည်ရွယ်ချက်နဲ့ အကြမ်းဖက်စစ်ကောင်စီအသုံးပြုတဲ့စစ်အကျီတစ်ထည်ကို မီးရှို့ခဲ့ကြပါသေးတယ်။

မျက်မှောက်ခေတ်



ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(B21) စစ်ရေးပြအခမ်းအနား ကျင်းပ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(B21) စစ်ရေးပြအခမ်းအနား ကျင်းပ Reviewed by THITHTOOLWIN on 06:59 Rating: 5

No comments:

Powered by Blogger.