နောင်ကြီးအိုင်အုပ်စုတွင် ရွာစဉ်ပတ်နေသော စစ်ကောင်စီခြေလျင်တပ်ဖွဲ့ကို ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့၊ စစ်သား(၂)ယောက်သေ


ယနေ့ ဒီဇင်ဘာ(၂၁)ရက်၊ မွန်းတည့်ချိန်လောက်တွင် အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်အုပ်စုရှိ ကျေးရွာများကို ပတ်လှည့်နေသော စစ်ကောင်စီစစ်ကြောင်းများထဲမှ ခြေလျင်တပ်စိတ်တစ်စိတ်ကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နောင်ကြီးအိုင်အုပ်စု၊ ဘော်ကုန်းရွာနှင့် အောင်သုခရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခြေလျင်တပ်သား(၂)ယောက် နေရာတင်သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသည်။ အလောင်းများနှင့် ဒဏ်ရာရသူများကို ခွေးဘီလူးကားတစ်စီးဖြင့် လာသယ်ပြီး အရာတော်သို့ ပြန်ခေါ်သွားသည်ဟု မျက်မြင်များက ပြောသည်။

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး


နောင်ကြီးအိုင်အုပ်စုတွင် ရွာစဉ်ပတ်နေသော စစ်ကောင်စီခြေလျင်တပ်ဖွဲ့ကို ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့၊ စစ်သား(၂)ယောက်သေ နောင်ကြီးအိုင်အုပ်စုတွင် ရွာစဉ်ပတ်နေသော စစ်ကောင်စီခြေလျင်တပ်ဖွဲ့ကို ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့၊ စစ်သား(၂)ယောက်သေ Reviewed by THITHTOOLWIN on 17:24 Rating: 5

No comments:

Powered by Blogger.