"အရာတော်မြို့နယ်တွင်း တရားမဝင် လောင်းကစားပြုလုပ်နေသူများကို ရပ်တန်းကမရပ်ပါက ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစု (ARA) မှ သတိပေး"

6.12.2021(MON) | ‌10:00 AM

အရာတော်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်လက်အောက်ခံ ရဲများအား ရဲကြေးများ‌ လာဘ်ထိုး၍ တရားမဝင် လောင်းကစားဝိုင်းများပြုလုပ်‌နေကြသော သူများကို ရပ်တန်းကရပ်ရန်နှင့် မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟု  အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု  (ARA)က သတိပေးကြေညာချက်ထုတ်ပြန်ထားသည်။

" တစ်အချက်က စစ်အုပ်စုကို ထောက်ပံ့နေရာကျတယ်၊ တဖက်က ရဲတွေကလည်း ပိုက်ဆံလည်းရ၊ ဒီကာလမှာ လူတွေ တော်လှန်ရေးကိုအာရုံ မစိုက်ပြီးရော ဆိုပြီးခွင့်ပြုထားတဲ့ပုံပဲ၊ အဲဒီရွာမှာ ဖဲဝိုင်း ကြက်ဝိုင်း နေ့တိုင်း အကြီးအကျယ်လုပ်နေကြတာ၊ ဒီကာလမှာ လူတိုင်းက အဆင်ပြေကြတာမဟုတ်‌တော့ ဒီဟာတွေကတဆင့် ခိုးတာလုတာတွေ ဖြစ်လာနိုင်တယ်" ဟု တော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူတဦးမှ သတိပေးချက်ထုတ်ပြန်ရခြင်း၏ အကြောင်းအား သတင်းမှန်သို့ပြောသည်။

သတိပေးကြေညာချက်တွင်ပါရှိသော အရာတော်မြို့နယ်ရှိမြောက်လတ်‌ဒေသရှိ အုတ်ရှင်းကြီးကျေးရွာ တွင် နေ့စဉ် ဖဲဝိုင်း၊ ကြက်ဝိုင်း အစရှိသောလောင်းကစားဝိုင်းများဖြင့် နေ့စဉ်စည်ကားလျှက်ရှိ‌ကြောင်းသိရသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"အရာတော်မြို့နယ်တွင်း တရားမဝင် လောင်းကစားပြုလုပ်နေသူများကို ရပ်တန်းကမရပ်ပါက ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစု (ARA) မှ သတိပေး" "အရာတော်မြို့နယ်တွင်း တရားမဝင် လောင်းကစားပြုလုပ်နေသူများကို ရပ်တန်းကမရပ်ပါက ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေးအင်အားစု (ARA) မှ သတိပေး" Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.