တိုက်ကြီးမြို့ YMBA အသင်းဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်ခံရပြီး ဆေးရုံတွင်သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် YMBA အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်စိုး (ခ) ဖိုး၀ကြီးသည် ယနေ့ (နိုဝင်ဘာ ၁၆) နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခံရပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆိုင်ကယ်ဖြင့် သွားလာစဥ်လမ်း၌ အမည်မသိလူတချို့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့က ဖြစ်ကြောင်းကို လက်ရှိအချိန်ထိ မသိရှိရသေးပါ။

" မနက်က သူ့မိန်းမကို ဆိုင်ကယ်နဲ့ အလုပ်လိုက်ပို့ရင်း လမ်းမှာပစ်ခံရတယ်လို့ သိရပါတယ်။ သူက ဆေးရုံမှာ ဆုံးသွားပြီး သူ့ဇနီးကတော့ ဆေးရုံမှာပဲ ကုသနေတယ်လို့ သိရတယ်။ ဘယ်အဖွဲ့ကလုပ်မှန်းတော့ မသိပါဘူး " အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးအောင်ကျော်စိုးသည် ခုတင် ၁၀၀၀ မင်္ဂလာဒုံစစ်ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူစဥ် နေ့လည် ၂ နာရီခွဲတွင် သေဆုံးသွားပြီဖြစ်ကြောင်း YMBA အသင်းကလည်း ထုတ်ပြန်ထားသည်။

YMBA အသင်းသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း လူသိများသည်။

လူငယ့်ခေတ် - Lu Nge Khit

တိုက်ကြီးမြို့ YMBA အသင်းဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်ခံရပြီး ဆေးရုံတွင်သေဆုံး တိုက်ကြီးမြို့ YMBA အသင်းဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်ခံရပြီး ဆေးရုံတွင်သေဆုံး Reviewed by THITHTOOLWIN on 00:17 Rating: 5

No comments:

Powered by Blogger.