အကြမ်းဖက်စစ်တပ်ကြောင့် ထီးလင်းYDFက ၁၃ဦး၊ CDFမင်းတပ်က ၁ဦး နဲ့ အပြစ်မဲ့ပြည်သူ ၅ဦး ကျဆုံး


ဂန့်ဂေါ နိုဝင်ဘာ ၁၉ 

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက စစ် ဘေးရှောင်ရွာသား ၂ ဦး ကိုရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ 

နိုဝင်ဘာလ ၁၇ ရက်နေ့က ထီးလင်းမြို့နယ် ထန်းပင်ကုန်း ရွာအနီးမှာ အကြမ်းဖက် စကစတပ်နှင့် YDF(ထီးလင်း)၊CDF(မင်းတပ်)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF(ထီးလင်း)မှ ရဲဘော် ၁၃ဦးCDF(မင်းတပ်)မှ ရဲဘော် ၁ဦးကျဆုံးပြီး YDF(ထီးလင်း)မှ ၂ဦး၊ CDF(မင်းတပ်)မှ ၁ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်လို့ YDFက ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်အရပ်သား ၃ဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။  အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ၁၀ဦးခန့်ကျဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။

လတ်တလောမှာတော့ ဂန့်ဂေါ၊ ထီးလင်းနဲ့ ဆောနယ်တွေမှာ စစ်ရေး တင်းမာနေပြီး ဆောနယ်ဘက်မှာလည်း စစ်တပ်က ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်နေပါတယ်။ 

Gangaw Youths Voice

အကြမ်းဖက်စစ်တပ်ကြောင့် ထီးလင်းYDFက ၁၃ဦး၊ CDFမင်းတပ်က ၁ဦး နဲ့ အပြစ်မဲ့ပြည်သူ ၅ဦး ကျဆုံး အကြမ်းဖက်စစ်တပ်ကြောင့် ထီးလင်းYDFက ၁၃ဦး၊ CDFမင်းတပ်က ၁ဦး နဲ့ အပြစ်မဲ့ပြည်သူ ၅ဦး ကျဆုံး Reviewed by THITHTOOLWIN on 16:46 Rating: 5

No comments:

Powered by Blogger.