လက်ဖက်ရည်သောက်နေတဲ့ USDP ပါတီဝင် သတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး


(နိုဝင်ဘာလ ၁၄ ရက်)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့၊ လုပ်သားရပ်ကွက်နေ ကြံခိုင်ရေး ပါတီဝင် စစ်ကောင်စီ သတင်းပေး ဒလန်တစ်ဦး နိုဝင်ဘာလ ၁၄ ရက် ဒီကနေ့ နံနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

ပစ်ခတ်ခံရသူသည် တင်မျိုးထွန်း(ခ) ချက်ဖောင်းဆိုသူဖြစ်ပြီး ရွှေနန်းကဖေးဆိုင်တွင် လက်ဘက်ရည်သောက်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှာများပြုလုပ်နေကြောင်းဒေသအရင်းအမြစ်သတင်းများမှသိရှိရပါသည်။

HTY Information

လက်ဖက်ရည်သောက်နေတဲ့ USDP ပါတီဝင် သတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး လက်ဖက်ရည်သောက်နေတဲ့ USDP ပါတီဝင် သတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 18:15 Rating: 5

No comments:

Powered by Blogger.