စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်ကို ကျောက်ထု PDF မီးရှို့ဖျက်ဆီး


ကျောက်ထု၊ နိုဝင်ဘာ ၂၂၊ ၂၀၂၁။

နိုဝင်ဘာ ၂၁ရက် မ‌နေ့က ကျောက်ထု - ပခုက္ကူလမ်းပိုင်းမှာ ဆီသယ်ယာဉ်တစ်စီးကို ကျောက်ထု PDF က စစ်ဆေးခဲ့ချိန်မှာ စစ်ကောင်စီရဲ့ ပုံမှန်ဆီသယ်ပေးနေတဲ့ ကားဖြစ်နေလို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ထု PDF က ထုတ်ပြန်ထားပါတယ်။

"၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ ဆီသယ်ကားတစ်စီးအား Kyaukhtu PDF မှစစ်ဆေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပုံမှန်ဆီသယ်ယူနေသော ကားဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရပါသည်။ ထို့ကြောင့် အဆိုပါ အကြမ်းဖက်စစ်ကောင်စီယန္တရားထောက်တိုင်တစ်ခုဖြစ်နေသော ဆီသယ်ကားအား မီးရှို့ဖျက်ဆီးပစ်ခဲ့ပါသည်။ 

မိဘပြည်သူများအနေနှင့်လည်း အကြမ်းဖက်စစ်ကောင်စီယန္တရားများတွင် ပါဝင်ကူညီခြင်း၊ လိုက်ပါဆောင်ရွက်ခြင်းများမပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။" လို့ ထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်ကို ကျောက်ထု PDF မီးရှို့ဖျက်ဆီး စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်ကို ကျောက်ထု PDF မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 17:48 Rating: 5

No comments:

Powered by Blogger.