ကသာနယ်တွင် စစ်တပ်ထုတ်ကုန် ဘီယာများ သယ်လာသည့် စက်လှေကို PDF က တားဆီးကာ ဘီယာများကို ဖျက်ဆီး

စက်လှေဖြင့် သယ်လာသော စစ်တပ်ထုတ်ကုန်များ/ Photo – Indaw Revolution – IR

နိုဝင်ဘာ -၂၂

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင်တွင် ကသာဘက်မှ ရွှေကူဘက်သို ရေကြောင်းလမ်းဖြင့် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ စက်လှေအပြည့် တင်ဆောင်လာသော စက်လှေတစ်စီးကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော မြို့လှ PDF (မိုက်ရူးရဲ အဖွဲ့)က ဖမ်းဆီးကာ  ဘီယာများကို ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုတစ်ခု ဖြစ်သော Indaw Revolution – IR အဖွဲ့က ထုတ်ပြန်သည်။

ဒေသခံ PDF များက အများပြည်သူအနေဖြင့် စစ်အုပ်စုပိုင် ထုတ်ကုန်များကို ရောင်းဝယ်သုံးစွဲခြင်း မပြုရန် မေတ္တာရပ်ခံ တားမြစ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ကသာခရိုင်အပါအဝင် စစ်ကိုင်းအတွင်းရှိ PDF များကို အင်အားအလုံးအရင်းဖြင့် ရေကြောင်း၊ လေကြောင်းများဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီ လက်နက်ကိုင်များကလည်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာများသို့ စီးနင်းဝင်ရောက် သောင်းကြမ်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ခိုးဝှက်လုယက်ခြင်းနှင့် ဒေသခံအရပ်သား ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

ကသာနယ်တွင် စစ်တပ်ထုတ်ကုန် ဘီယာများ သယ်လာသည့် စက်လှေကို PDF က တားဆီးကာ ဘီယာများကို ဖျက်ဆီး ကသာနယ်တွင် စစ်တပ်ထုတ်ကုန် ဘီယာများ သယ်လာသည့် စက်လှေကို PDF က တားဆီးကာ ဘီယာများကို ဖျက်ဆီး Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.