အမရပူရတွင် ရဲတပ်သားတစ်ဦးကို PDF များနှင့် ပူးပေါင်းပြီး စခန်းမှူးကို လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးထား


နိုဝင်ဘာ - ၃၀

မန္တလေးမြို့ အမရပူရမြို့နယ်တွင် တာဝန်ကျနေသော ရဲတပ်သားတစ် ဉီးကို PDF များနှင့် ပူးပေါင်းသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်အုပ်စုက အချင်းချင်း ပြန်လည်ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းနှင့် နီးစပ်သော MFP ၏ သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲတပ်သားသည် ၄င်းတာဝန်ကျနေသော ရဲစခန်းရှိ လက်နက်အင်အားနှင့် စခန်းမှူး သွားလာသည့် လမ်းကြောင်းများကို PDF ထံ သတင်းပေးသည်ဟူဟော စွပ်စွဲချက်ဖြင့် နိုဝင်ဘာ (၁၉)ရက်ကတည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်ဟု ဆိုသည်။

စစ်အုပ်စု၏ ပြန်လည်ဖမ်းဆီးခြင်း ခံထားရသော ရဲတပ်သားသည် အသက်(၂၀)ကျော်အရွယ် ဖြစ်ပြီး ၄င်းသည် ၄င်းနှင့်ဆက်သွယ်သူများကို PDF မှန်း သိသော်လည်း စခန်းထံ သတင်းမပို့ခြင်း၊ စခန်းရှိ အင်အား၊ စခန်းမှူး ဝင်ထွက်သွားလာမှုများကို PDF ထံ သတင်းပေးခြင်းနှင့် PDF နှင့် ပူးပေါင်းကာ အထက်အရာရှိကို လုပ်ကြံရန် ကြံစည်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု MFP ၏ သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ရဲတပ်သားကို စစ်အုပ်စုက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ သည် အနိမ့်ဆုံး ထောင်ဒဏ် သုံးနှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။


Mandalay Free Press - MFP

အမရပူရတွင် ရဲတပ်သားတစ်ဦးကို PDF များနှင့် ပူးပေါင်းပြီး စခန်းမှူးကို လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးထား အမရပူရတွင် ရဲတပ်သားတစ်ဦးကို PDF များနှင့် ပူးပေါင်းပြီး စခန်းမှူးကို လုပ်ကြံရန် ကြံစည်ဟု စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးထား Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.