ခရီးသွားပြည်သူများ စစ်ကောင်စီတပ်ယာဉ်တန်းများနှင့်ခွာ၍ မောင်းနှင်ရန် ကရင်နီ PDF မေတ္တာရပ်ခံ


ခရီးသွားပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ၏ ယာဉ်တန်းများနှင့် ခွာ၍မောင်းနှင်ရန် အပါအဝင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ပြည်သူ လူထုများ လိုက်နာပေးရန် အချက်များကို ယနေ့ (နိုဝင်ဘာ၁၉ရက်) ထုတ်ပြန်ခဲ့သည်။

ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် (၆)မိုင်ကျေးရွာတွင် နိုဝင်ဘာ ၁၈ရက်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကားတစ်စီး ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း၊ သို့ရာတွင် အိမ်စီးကားများမှ စစ်ကောင်စီ၏ ယာဉ်တန်းနောက်မှ ပူးကပ်လိုက်ပါလာ၍ ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ Mission အား ပြန်လည်ရုတ်သိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းများနှင့် ဝေးရာမှ ခွာ၍ မောင်းနှင်ရန်KPDFက မေတ္တာရပ်ခံထား သည်။  

မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော ဂိတ်များအား ရှောင်ရှားသွားလာရန်၊ စစ်ကောင်စီတပ်သားများနှင့် အဝေးတွင် နေရန်၊ ပေါက်ကွဲသံ ပစ်ခတ်သံကြားသည့် နေရာများသို့ သွားရောက်ကြည့်ရှုခြင်းများအား အထူးရှောင်ရှားပေးရန်လည်း မေတ္တာရပ်ခံထားသည်။


People's Spring 

ခရီးသွားပြည်သူများ စစ်ကောင်စီတပ်ယာဉ်တန်းများနှင့်ခွာ၍ မောင်းနှင်ရန် ကရင်နီ PDF မေတ္တာရပ်ခံ ခရီးသွားပြည်သူများ စစ်ကောင်စီတပ်ယာဉ်တန်းများနှင့်ခွာ၍ မောင်းနှင်ရန် ကရင်နီ PDF မေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.