မူးမြစ်​ဘေး​ကျေးရွာများကို စစ်​ကောင်စီတပ်ဝင်​ရောက်စီးနင်း၊​ ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်​ပွား​နေ


အရာတော် နှင့် ဝက်လက်နယ်စပ်မှ မူးမြစ်ဘေးကျေးရွာများကို အကြမ်းဖက်စစ်တပ်ကအင် အားသုံး၍ ဝင်ရောက်စီးနင်းခဲ့ပြီးဒေသခံပြည်သူ့တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား​နေကြောင်း အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု ARA မှ ဗိုလ်ပေါက်စီက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီကျော်ကအရာတော်အရှေ့နယ်နှင့် ဝက်လက်နယ်အနောက်ခြမ်းမှ မူးမြစ်အနီး ကျေးရွာများကို  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းနှစ်ခွဲ၍ ဝင်ရောက်လာခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

သမရိုးကျေးရွာဘက်မှ စစ်ကြောင်းတစ်ခု နှင့် မြောက်ဘက်မှ စစ်ကြောင်းတစ်ခုဖြင့် ခွဲဝင်လာခြင်းဖြစ်ကာ  စစ်​ကောင်စီ၏ ခြေလျင်စစ်သား အင်အား (၁၀၀)ကျော်ခန့်ရှိပြီး ယူနီဖောင်းဝတ်လက်နက်တပ်ဆင်ပေးထားသော ဒေသခံပျူစောထီးများလည်းပါဝင်ကြောင်းလည်းသိရသည်။

"အရာတော်နဲ့ ဝက်လက်နယ်စပ်ကို တောနင်းပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို ရှာတာ။ဝက်လက်နယ်က မဟာမိတ်တပ်ဖွဲ့တချို့ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ တည်တောကိုတော့ စစ်တပ်က စီးသွားနိုင်လိုက်ပါပြီ။ ကိုယ့်ဘက်ကလည်း အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်"ဟု ဗိုလ်ပေါက်စီကရှင်းပြသည်။

တည်တောရွာရှိ အိမ်များကို အကြမ်းဖက် စစ်​ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့ပြီး ​ဒေသခံပြည်သူများမှာ စစ်တပ်ဝင်ရောက်လာချိန်မှစ၍ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်းအရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အရာတော်-ဝက်လက်နယ်စပ် မူးမြစ်တဝိုက်ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းနေစဉ် အရာတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ကစခန်းချတပ်စွဲထားသောကျေးရွာအချို့ကို ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးထိ့ခိုက်မှုကိုမူ မသိရသေးပေ။

People's Spring 

မူးမြစ်​ဘေး​ကျေးရွာများကို စစ်​ကောင်စီတပ်ဝင်​ရောက်စီးနင်း၊​ ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်​ပွား​နေ မူးမြစ်​ဘေး​ကျေးရွာများကို စစ်​ကောင်စီတပ်ဝင်​ရောက်စီးနင်း၊​ ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်​ပွား​နေ Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.