စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးပစ်မှတ်များအား အရှိန်မြင့် တိုက်ခိုက်ချေမှုန်းမည်ဟု မင်းလှ PDF ထုတ်ပြန်


မင်းလှ၊ နိုဝင်ဘာ ၁၇ ၊ ၂၀၂၁။

ပဲခူးတိုင်း( အနောက်ခြမ်း) မင်းလှမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လေးစားလိုက်နာကာ စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပစ်မှတ်များအား ပိုမိုအရှိန်မြှင့်တင်ကာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အုန်းနှဲချောင်းကျေးရွာရှိ Mytel တာဝါတိုင်အား အဝေးထိန်းဗုံးနှစ်လုံးဖြင့် တကြိမ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထောက်ကြန့်ကျေးရွာရှိ Mytel တာဝါတိုင်အား အဝေးထိန်းဗုံးတလုံးဖြင့် တကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မကြာခင်မှာ စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်များကို ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများအား အမြန်ဆုံးနုတ်ထွက်ကြရန် အထူးသတိပေးထားသည်။

ပြည်သူလူထုကိုဖိနှိပ်ရာတွင် ပါဝင်နေသည့် ဌာနဆိုင်ရာများ၊ ရုံးများ၊ အထူးသဖြင့် မီတာခအတင်းအကြပ်ကောက်ခံနေသည့် လျှပ်စစ်ဌာနနှင့် ဝန်ထမ်းများကို ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၎င်းနေရာများကို

အထူးသတိပြုရှောင်ရှားနိုင်ပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးပစ်မှတ်များအား အရှိန်မြင့် တိုက်ခိုက်ချေမှုန်းမည်ဟု မင်းလှ PDF ထုတ်ပြန် စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးပစ်မှတ်များအား အရှိန်မြင့် တိုက်ခိုက်ချေမှုန်းမည်ဟု မင်းလှ PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.