မိဘနဲ့ဝေး ပိုင်ဆိုင်မှုတွေပါ ချိတ်ပိတ်ခံထားရတဲ့ PDF ခေါင်းဆောင် တစ်ယောက် (ရုပ်သံ )


မြင်းခြံမြို့ ကိုယ်စားပြုMG 6 ပျောက်ကြားတပ်ရဲ့ ခေါင်းဆောင် အသက် ၂၄နှစ်အရွယ် ဗိုလ်ကျော်လင်းထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကျနော် က မြင်းခြံသားပါ အမှတ်၆ ရက်ကွက်က၊ အစကတော့ဆန္ဒလိုက်ပြတယ် နောက်တော့ဖြိုးခွင်းမှု့တွေရှိလာတယ်လေ ၊ အဲ့မှာ ကျနော်တို့ရက်ကွက်က ခံတပ်စဆောက်တာဘဲ မြင်းခြံမာက ခံတပ်ဆောက်တော့ အစကair gun တေနဲ့စပစ်ကျတယ်၊ ကျနော်တို့ Air gun တွေအဆင်မပြေတော့ Gas gun တွေ စလုပ်တယ် နောက်တော့ခံတပ်ကိုဖြိုခွင်းခံရတယ် အဲ့ထိတော့မြို့ထဲမှာ အေးဆေးနေလို့ရသေးတယ်၊ အဲ့နောက် တနေ့ ကျနော် အိမ်ပြန်လမ်းမှာ စကစ က ကင်းပုန်းချအဖမ်းခံရဖူးတယ်။ သူတို့က ကျနော့်ကားကိုကျော်ပီးတားကြတာ ကျနော်ကဘာလို့ဖမ်းတာလဲးမေးတော့ ဗျူဟာမှုးအမိန့်နဲ့လို့ဘဲပြောတယ်  အဲ့မှာကျနော်လည်းမိဘတွေ ခေါ်ပီး ညှိတာပေါ့

အဲ့လိုညှိတော့သူတို့က ကားနဲ့လူ ဘယ်ဟာထားခဲ့မလဲးမေးတာနဲ့ ကျနော့ကားလေး စကစ သိမ်းသွားတယ် ။ ခုတော့ဗျူဟာမှူး စီးနေတယ်။

အဲ့ဒီနောက်ကျနော် မြင်းခြံကိုယ်စားပြု MG6 ပြောက်ကျားတပ် စပြီး ဖွဲ့စည်းခဲ့တယ် ကျနော်တို့ အမှတ်၁ စခန်းနဲ့ အလင်းရောင်ကျောင်း တပ်စွဲ ထားတဲ့နေရာတွေကို ညညဝင်ထုကြတယ် ပြောက်ကျားဘဲ နောက်မြို့ထဲမှာ ကျနော်တို့အဖွဲ့ အခြေချတယ်။

ကျနော့်အဖွဲ့နဲ့အတူရှိနေတဲ့ နေရာကိုသူတို့တွေ သိသွားပြီး အင်အား ၃၀၀လောက်နဲ့လာဝိုင်းသွားတယ် 

ကျနော်တို့ကတော့ သတင်းကြိုရခဲ့လို့ ဘယ်သူမှမမိခဲ့ဘူး အစောပိုင်းက မြင်းခြံ ကျနော်တက်တော့ ဂိတ်တခုမှာ ဖုန်းစစ်တော့ Page မြင်သွားတာနဲ့ ကျနော်ရုန်းထွက်ခဲ့တယ်။

လက်ရှိမှာတော့  မိဘတွေနဲ့ပါ အဆက်အသွယ်မရတော့ပဲ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးချိတ်ပိတ်ခံထားရတယ်လို့ ပြောပါတယ်။


မြေလတ်အသံ - Myaelatt Athan 



မိဘနဲ့ဝေး ပိုင်ဆိုင်မှုတွေပါ ချိတ်ပိတ်ခံထားရတဲ့ PDF ခေါင်းဆောင် တစ်ယောက် (ရုပ်သံ ) မိဘနဲ့ဝေး ပိုင်ဆိုင်မှုတွေပါ ချိတ်ပိတ်ခံထားရတဲ့ PDF ခေါင်းဆောင် တစ်ယောက် (ရုပ်သံ ) Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.