သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ကို PDF က ပစ်ခတ်တိုက်ခိုက်

 (ရုပ်/သံ)

နိုဝင်ဘာလ ၁၅ ရက် 

ရန်ကုန်တိုင်း၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းများကို ဒီကနေ့ နံနက် (၁၁:၀၀)ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ကျည်ဆန်ထိမှန်ကာ သုံးဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

အလားတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်တွင်  ငွေကြေးတောင်းခံကာ ပြည်သူလူထုကို အနှောင့်အယှက်ပေးနေသော ယာဉ်ထိန်းရဲများကိုလည်း တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ သုံးဦး ထိမှန်ခဲ့ပြီး နှစ်ဦး သေဆုံးနိုင်ဖွယ် ရှိသည်ဟု ဆိုပါသည်။ 

ပျံလွှားအောင် စစ်ဆင်ရေးစီမံချက်ဖြင့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်က ပြန်လည် ရမ်းကားပစ်ခတ်မှုနှင့် စိတ်ထင်ရာ ဖမ်းဆီးနှိပ်စက်မှုများ ရှိလာနိုင်ခြင်းကြောင့် ပြည်သူများ သတိရှိရှိဖြင့် နေထိုင်သွားလာ လှုပ်ရှားကြရန်လည်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။ 

ဒါ့အပြင် ထန်းတပင်မြို့နယ် တာ ရဲကင်းစခန်းရှိ ကိုလည်း နံနက် (၁၁:၃၀) တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ သုံးဦး ထိမှန် သေဆုံးခဲ့ပါသေးသည်။


ရန်ကုန်သန်လျင်ပစ်ခတ်မှု

ရုပ်သံ_ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့

HTY_Information



သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ကို PDF က ပစ်ခတ်တိုက်ခိုက် သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီဂိတ်နှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ကို PDF က ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 18:53 Rating: 5

No comments:

Powered by Blogger.