ကြယ်တောင် တိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံး


လောင်းလုံး၊ နိုဝင်ဘာ ၂၁

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနဲ့ ဂေါ့အင်းရွာနားရှိ ကြယ်တောင်အနီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LPDF က ထုတ်ပြန်ထားပါတယ်။

ယနေ့မနက်ပိုင်းမှာ လောင်းလုံးမြို့နယ်ကနေ ဂေါ့အင်းရွာဘက်ကို စစ်ကောင်စီကားတစ်စီး မောင်းနှင်လာစဉ် ကြယ်တောင်အနီးအရောက်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကား မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အင်အားဖြည့် ထပ်မံရောက်ရှိလာပြီး  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

"ခုဖြစ်တဲ့ကိစ္စမှာ ဒီဘက်က နှစ်ဖွဲ့ပေါင်းလုပ်တာဖြစ်ပါတယ်။ DDT အဖွဲ့နဲ့LPDF အဖွဲ့တို့ မဟာတ်မိတ်အဖွဲ့တွေ ပေါင်းပြီးတိုက်ခိုက်တာပါ။ သေဆုံးတဲ့အထဲမှာ စခန်းမှူး ပါတယ်လို့ သိရတယ်။ သူက ဝမ်းဗိုက်ကို ထိသွားတယ်လို့ သိရတယ်။ LPDF အဖွဲ့ဝင်တစ်ဦးက ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ကျဆုံးသွားတာပါ။ LPDF ဘက်က ကျဆုံးတာတော့ ကိုငြိမ်းချမ်းပါ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ကြယ်တောင် တိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံး ကြယ်တောင် တိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ PDF အဖွဲ့က တစ်ယောက်ကျဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.