ပေါက်မြို့ ပညာရေးမှူးရုံးကို PDF ၃ဖွဲ့ပေါင်းပြီး ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲ

ပေါက်၊ နိုဝင်ဘာ ၂၈၊ ၂၀၂၁။

မကွေးတိုင်း ပေါက်မြို့က ပညာရေးမှူးရုံးကို PDF ၃ဖွဲ့ပေါင်းပြီး မနေ့က ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ King Fighter SGF  အဖွဲ့ဆီက သိရပါတယ်။

ချိန်ကိုက်ဗုံးကို မနက် ၄နာရီ ၂၀ မိနစ်မှာ ပေါက်ကွဲဖို့ ချိန်ကိုက်ထားခဲ့ပေမယ့် မပေါက်ကွဲပဲ မနက်ပိုင်းမှသာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ King Fighter SGF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ဖောက်ခွဲရတဲ့အကြောင်းကတော့ ပေါက်မြို့နယ်မှာကျောင်းတွေကဖွင့်နေတယ်၊ကျောင်းတော်တော်များများဖွင့်နေတာ၊အဲဒါကို ကျနော်တို့ကမဖွင့်စေချင်ဘူး၊ပညာရေးကို စစ်ကောင်စီလက်အောက်မှာရပ်တန့်စေချင်တာပေါ့၊ အဲဒါကြောင့် ပညာရေးမှူးရုံးကိုဖောက်ခွဲလိုက်တာ" လို့ ပြောပါတယ်။

 မကွေးပြည်သူ့ကာကွယ်ရေးအဖွဲ့(CAF-MG PDF) ၊ ပေါက် PDF နဲ့ King Fighter SGF ၃ ဖွဲ့ပူးပေါင်းပြီးဖောက်ခွဲခဲ့တာဖြစ်ပြီး ပျက်ဆီးမှုအခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

အဲ့ဒီ  PDF ၃ဖွဲ့ က ပေါက်မြို့က ကြံ့ခိုင်ရေးရုံးနဲ့ ရေပြာရဲစခန်းတွေကို ဖောက်ခွဲခဲ့တဲ့အပြင် မိုင်တဲတာဝါတိုင်ဖောက်ခွဲမှု ၅ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan

ပေါက်မြို့ ပညာရေးမှူးရုံးကို PDF ၃ဖွဲ့ပေါင်းပြီး ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲ ပေါက်မြို့ ပညာရေးမှူးရုံးကို PDF ၃ဖွဲ့ပေါင်းပြီး ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲ Reviewed by THITHTOOLWIN on 04:42 Rating: 5

No comments:

Powered by Blogger.