ရခိုင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ခုနှစ်ဦး ဖမ်းဆီးခံထားရ


ရခိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ခုနှစ်ဦးအထိရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီထဲ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် ကျောင်းသူအမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး အမျိုးသမီး ၃ ဦးကို သံတွဲမြို့က နေအိမ်တွေမှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့ နောက်ထပ်တစ်ဦး ထပ်မံဖမ်းဆီးတာကြောင့် ဖမ်းဆီးခံရသူ အမျိုးသမီး ၄ ဦးအထိရှိလာပြီဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲက သံတွဲမြို့က အမျိုးသမီးနှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှုဥပဒေ ၅၀ ည နဲ့ စွဲဆိုထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို လည်း စစ်ဆေးပြီး သက်ဆိုင်တဲ့ အမှုနဲ့ စွဲဆိုသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ PDF ဆက်စပ်တယ်ဆိုပြီး အဖမ်းခံရ သူ ၇ ဦးအနက် ၆ ဦးက သံတွဲကဖြစ်ပြီးတော့ နောက်တစ်ဦးကတော့ မြောက်ဦးမြို့က ဖြစ်ပါတယ်။

BBC Burmese

ရခိုင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ခုနှစ်ဦး ဖမ်းဆီးခံထားရ  ရခိုင်မှာ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ခုနှစ်ဦး ဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.