ပေါက်မြို့ ခရီးသယ်တင်ကားပေါ်တွင် လက်နက်များဖမ်းမိခြင်းမှာ စစ်ကောင်စီက လုပ်ဇာတ်လုပ်ခြင်းဟု ပေါက် PDF ပြော


ပေါက်၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ခရီးသည်ယာဉ်တစ်စီးကိုမသင်္ကာ၍ ယာဉ်ပေါ်ပါပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးရာမှ ဆိုင်ကယ်အင်ဂျင်အတွင်းထည့်သွင်းလာသည့် ကျည်ဆံများ၊ မွေ့ယာအတွင်း ထည့်သွင်းလာသည့် သေနတ်များ နှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းမိတယ်ဆိုတာ စစ်‌ကောင်စီအဖွဲ့ကလုပ်ဇာတ်လုပ်တယ်လို့ ပေါက် PDF ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ခရီးသည်ယာဥ်လိုင်းပေါ်မှာ လက်နက်တွေမိတယ်ဆိုတာသူတို့ရဲ့ဖန်တီးထားတဲ့ လုပ်ဇာတ်တစ်ခုပါ၊ ဒါပေမယ့် ကျနော်ကတော့ ဇာတ်ကားရိုက်တယ်လို့မြင်ပါတယ်၊ ပြည်သူတွေနဲ့ PDF စိတ်ဓါတ်ကျအောင်စစ်ကောင်စီက စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေတာပါ၊ ကျနော်တို့ နိုင်မှာပါ၊ မပူကြပါနဲ့၊ ပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ ဒီတိုက်ပွဲမြန်မြန်ပြီးစေချင်ရင် တအိမ်တယောက် လာရောက်ပူးပေါင်းတိုက်ပွဲဝင်လှည့်စေချင်ပါတယ်။” လို့ သူကဆက် ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့က ပေါက်မြို့ အိမ်တွင်းမှုကားဂိတ်မှာ ရွှေယောမန်းအမည်ရှိ မန္တလေး၊ ပခုက္ကူ၊ မင်းတပ်၊ ထီးလင်း ကားပေါ်က လက်နက်တွေ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ပေါက်မြို့ ခရီးသယ်တင်ကားပေါ်တွင် လက်နက်များဖမ်းမိခြင်းမှာ စစ်ကောင်စီက လုပ်ဇာတ်လုပ်ခြင်းဟု ပေါက် PDF ပြော ပေါက်မြို့ ခရီးသယ်တင်ကားပေါ်တွင် လက်နက်များဖမ်းမိခြင်းမှာ စစ်ကောင်စီက လုပ်ဇာတ်လုပ်ခြင်းဟု ပေါက် PDF ပြော Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.