မကွေးတိုင်း၊ ပေပင်ခုနှစ်ပင်ရွာက မိုင်တဲတာဝါတိုင်ကို PDF ၃ဖွဲ့ မိုင်းခွဲဖျက်ဆီး


ပေါက်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၁။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေပင်ခုနှစ်ပင်ကျေးရွာရှိ စစ်ကောင်စီဒေါက်တိုင် မိုင်တဲတာဝါတိုင်ကို နိုဝင်ဘာ ၁၉ ရက် ယမန်နေ့ည ၈ နာရီ ခွဲခန့်က မိုင်းခွဲဖျက်စီးခဲ့တယ်လို့ ပေါက် PDF ဆီက သိရပါတယ်။ 

"ကျနော်တို့ PDF ၃ ဖွဲ့ပူးပေါင်းပြီး မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ အချိန်ကတော့ ည ၈ နာရီခွဲလောက်ပါ။ စစ်ကောင်စီနဲ့ စီးပွားရေးမိတ်ဖက် ပတ်သက်သမျှကို ဖျက်ဆီးသွားမှာပါ။" လို့ ပေါက် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။ 

ဒီဖေါက်ခွဲမှုကို ပေါက် PDF၊ Central Armed Forces နဲ့ King Fighter ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပေါက် PDF အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့နိဝင်ဘာလ ၄ ရက်နေ့က ပေါက်မြို့နယ်၊ ခင်ရှည်ရွာက ပျူစောထီးအမည်ခံ ကိုထွန်းဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပြီး‌နောက် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ပေါက်မြို့၊ ဂွေကြီးယိုကျေးရွာက ဒလန်ဦးတင်စိုးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

မကွေးတိုင်း၊ ပေပင်ခုနှစ်ပင်ရွာက မိုင်တဲတာဝါတိုင်ကို PDF ၃ဖွဲ့ မိုင်းခွဲဖျက်ဆီး မကွေးတိုင်း၊ ပေပင်ခုနှစ်ပင်ရွာက မိုင်တဲတာဝါတိုင်ကို PDF ၃ဖွဲ့ မိုင်းခွဲဖျက်ဆီး Reviewed by THITHTOOLWIN on 18:22 Rating: 5

No comments:

Powered by Blogger.