ခင်ဦးနယ်ညောင်ပင်ကြီးစု ရဲကင်းကို ဒေသခံ PDF တွေ ၀င်ရောက်စီးနင်း


ဓာတ်ပုံ- Khin U Local Guerrilla Force

မျက်မှောက်ခေတ် နို၀င်ဘာ(၁၇)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ညောင်ပင်ကြီးစု ရဲကင်းစခန်းကို ဒေသခံPDF တွေက ဒီကနေ့ နို၀င်ဘာ(၁၇)ရက် နေ့လည်(၂)နာရီ၀န်းကျင်က ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

ရဲကင်းစခန်း မီးလောင်ဖျက်စီးခံခဲ့ရတာကြောင့် ခင်ဦးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်က ကား(၄)စီးနဲ့ လာရောက်ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီကား(၄)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ (၁)စီးထိခိုက်ပျက်စီပြီး ထိခိုက်သေဆုံး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကားတွေ မိုင်းဆွဲခံရအပြီး မှာဒေသခံပြည်သူ(၂)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။


မျက်မှောက်ခေတ် 

ခင်ဦးနယ်ညောင်ပင်ကြီးစု ရဲကင်းကို ဒေသခံ PDF တွေ ၀င်ရောက်စီးနင်း ခင်ဦးနယ်ညောင်ပင်ကြီးစု ရဲကင်းကို ဒေသခံ PDF တွေ ၀င်ရောက်စီးနင်း Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.