စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ် ၂ စီးကို ယင်းမာပင်-PDF ကြားဖြတ်တိုက်ခိုက်ဟုဆို



ယင်းမာပင်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာ-ယင်းမာပင်-ပုလဲကားလမ်းအတိုင်းထွက်ခွာလာသည့် စစ်ကောင်စီ၏ ထောက်ပို့ကုန်တင်ကား နှစ်စီးကို ယင်းမာပင်မြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်က ဖိုဝင်တောင်၏ မြောက်ဘက်တစ်နေရာ၌ မိုးဆွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီမှ ထောက်ပို့ယာဉ်အဖြစ် အသုံးပြုနေသည့် အဆိုပါ အရပ်ဘက်သုံး ကုန်တင်ယာဉ် နှစ်စီးသည်  နိုဝင်ဘာ ၁၅ ရက်က မုံရွာမြို့မှ ပုလဲမြို့ဘက်သို့သွားခဲ့ပြီးယနေ့  ပုလဲမြို့မှ မုံရွာမြို့သို့ပြန်လာစဉ် မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရောက်သွားတော့ အဲနားမှာ သွေးကွက်တွေလည်း အိုင်နေတယ်။ ကျွန်တော်တို့ မရောက်ခင် နာရေးကားတွေက အရင်သယ်သွားပြီ။ တစ်စီးမိတယ်။ ကျန်တဲ့တစ်စီးကတော့ လွတ်သွားတယ်ပေါ့။ မိတဲ့တစ်စီးကို ပစ္စည်းတွေသိမ်းဖို့ စစ်ဆေးနေတုန်း နောက်ကသူတို့စစ်ကြောင်းက စစ်ကူလာလို့ ကျွန်တော်တို့ နောက်ပြန်ဆုတ်လိုက်ရတယ် ” ဟု ယင်းမာပင်-PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ယင်းမာပင်နယ်ထဲသို့ ခြေလျင်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကြားသိထားရပြီး စစ်ရေးတင်းမာသည့် အနေအထားဟုလည်း ၎င်းက ပြောသည်။

ပုလဲ-PDF နှင့် ဆားလင်းကြီး-PDF များမှ မိုင်းဆွဲ တိုက်ခိုက်သောကြောင့် ထိခိုက်ထားသည့် စစ်ကောင်စီယာဉ်တချို့နှင့် တပ်ဖွဲ့ဝင်တချို့မှာလည်း ပုလဲဘောလုံးကွင်းတွင် နေရာယူထားကြောင်းဆိုသည်။

ထို့အပြင် ပုလဲနှင့် ယင်းမာပင်သွားရာလမ်းရှိ အချို့နေရာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ ရှိနေသေးကြောင်းသိရသည်။


Yesagyo Township Info Committee

စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ် ၂ စီးကို ယင်းမာပင်-PDF ကြားဖြတ်တိုက်ခိုက်ဟုဆို စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ် ၂ စီးကို ယင်းမာပင်-PDF ကြားဖြတ်တိုက်ခိုက်ဟုဆို Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.