ပခန်းငယ်ရဲစခန်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က တိုက်ခိုက်မီးရှို့၊ အကြမ်းဖက်စစ်ကောင်စီ ရဲတွေ ဒါဏ်ရာရ ထွက်ပြေး


(နိုဝင်ဘာလ ၁၃ ရက်)

မ​ကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့ ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ ရဲများ ဒါဏ်ရာများဖြင့် ထွက်ပြေးသွားသောကြောင့် စခန်းရှိ စာရွက်စာတမ်းများ၊ ဆိုင်ကယ်၂ စီးနှင့် လက်နက် ၂ လက်ကိုသိမ်းယူ၍ စခန်းအား မီးရှို့ဖျက်ဆီးလိုက်​ကြောင်း ​ဒေသကာကွယ်​ရေးတပ်များက သတင်းထုတ်ပြန်သည်။



အဆိုပါစစ်ဆင်ရေးတွင် Urban Underground Revolution Force -YSO၊ K.N.T ပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF အဖွဲ့များ၊ People Defense Force Yesagyo၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ 27 Revolution Forces MGN၊ Thwaythauk Revolution Forces တို့ပါဝင်​ကြောင်း သိရှိရသည်။

သတင်း- ဓါတ်ပုံ - Phoenix-အထူးပြောက်ကျားတပ်ဖွဲ့

သစ်ထူးလွင်

ပခန်းငယ်ရဲစခန်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က တိုက်ခိုက်မီးရှို့၊ အကြမ်းဖက်စစ်ကောင်စီ ရဲတွေ ဒါဏ်ရာရ ထွက်ပြေး ပခန်းငယ်ရဲစခန်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က တိုက်ခိုက်မီးရှို့၊ အကြမ်းဖက်စစ်ကောင်စီ ရဲတွေ ဒါဏ်ရာရ ထွက်ပြေး Reviewed by THITHTOOLWIN on 17:49 Rating: 5

No comments:

Powered by Blogger.