စစ်ကောင်စီနှင့် ပူးပေါင်းလျှက်ရှိသည့် ကျောင်းဆရာ/ ဆရာမများမိမိတို့ ရွေးချယ်မှုအတိုင်း တုန့်ပြန်ခြင်းခံရမည်ဟု PDF Zoland ထုတ်ပြန်



အာဏာလုစစ်ကောင်စီမှ အခြေခံကျောင်းများဖွင့်လှစ်ရန် အတင်းအဓမ္မ ကြိုးပမ်းလျှက်ရှိပြီး အချိန် (၃)  လခန့်ဖြင့် ပညာသင်နှစ်တစ်ခု ပြီးမြောက်ရန် စီစဉ်လျှက်ရှိသည်။

ထိုသို စီစဉ်ဆောင်ရွက်ခြင်းသည် ကျောင်းသားများ၏ ပညာရေးကို ရှေးရှုခြင်းမဟုတ်ဘဲ မိမိတို၏ အာဏာရှင် အုပ်ချုပ် ရေးစနစ် လည်ပတ်နေကြောင်း ဟန်ပြရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း ထင်ရှားလျှက်ရှိသည်။ ယခုအချိန်တွင် အမှန် တရားဘက်က ရပ်တည်ကာ CDM ဝင်ထားသော ဆရာ/ဆရာမများလည်း ရှိသဖြင့် ကျောင်းသားများ အမှန်တကယ် စာတတ်မြောက်အောင် ပညာသင်ကြားပေးနိုင်မည့် ဆရာ/ဆရာမလည်း အလုံအလောက်မရှိပါ။ ထိုအပြင် အာဏာလု စစ်ကောင်စီ၏ ပညာရေးယန္တရားအောက်မှ တက်လာသည့် အတန်းများကို အမျိုးသားညီညွတ်ရေးအစိုးရမှ အသိ အမှတ်ပြုမည် မဟုတ်ကြောင်းလည်း ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအလိုအတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ပညာရေးနှင့်ပတ်သက်ပြီး သတိပေး ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သတိပေးထားသည့်ကြားမှ စစ်ကောင်စီနှင့် ပူးပေါင်းလျှက်ရှိသည့် ကျောင်းဆရာ/ ဆရာမ တစ်ဦးချင်းကိုလည်း သတိပေးတားမြစ်စာများ ထပ်ပိုထားပြီးဖြစ်သည်။ ထိုသို တားမြစ်ထား သည့်ကြားမှ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက မိမိတို ရွေးချယ်မှုအတိုင်း တုန့်ပြန်ခြင်းခံရမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဇိုမီးဖက်ဒရယ်အစည်ရုံး

Zomi Federal Union


Zalen 

စစ်ကောင်စီနှင့် ပူးပေါင်းလျှက်ရှိသည့် ကျောင်းဆရာ/ ဆရာမများမိမိတို့ ရွေးချယ်မှုအတိုင်း တုန့်ပြန်ခြင်းခံရမည်ဟု PDF Zoland ထုတ်ပြန် စစ်ကောင်စီနှင့် ပူးပေါင်းလျှက်ရှိသည့် ကျောင်းဆရာ/ ဆရာမများမိမိတို့ ရွေးချယ်မှုအတိုင်း တုန့်ပြန်ခြင်းခံရမည်ဟု PDF Zoland ထုတ်ပြန် Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.