PDF အမည်ခံကာ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေသူများအား အရေးယူမည်ဟု PDF(Kalay)ထုတ်ပြန်


November 15,2021

စစ်ကိုင်းတိုင်း ကလေးမြို့အတွင်း PDF အမည်ခံကာ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေသူများအား အရေးယူမည်ဟု PDF(Kalay)မှ အောက်ပါအတိုင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

"ကလေးမြို့အတွင်း နေ့အိမ်အချို့သို့ PDF လူငယ်အဖွဲ့ ဟူသောအမည်ဖြင့် စာပေးပို့၍ ခြိမ်းခြောက်ကာ ငွေတောင်းခံနေကြောင်းမြို့နေ ပြည်သူများမှ PDF (Kalay) သို့တိုင်ကြားတင်ပြလာမူများ ရှိကြောင်း သိရပါတယ်။

ဤကဲ့သို့ PDF အမည်ခံ၍ အများပြည်သူအပေါ် နိုင်ထက်စီးနင်းပြုလုပ်ခြင်းခြိမ်းခြောက်ခြင်းစသော လုပ်ရပ်များကို  PDF (Kalay) က လုံးဝသည်းခံခွင့်လွတ်မည် မဟုတ်‌ေကြာင်းနဲ့ အဆိုပါ PDF လူငယ်အဖွဲ့ အမည်ခံ၍ ခြိမ်းခြောက်ငွေတောင်းခံသည့် လူပုဂ္ဂိုလ်များကို စုံစမ်းလျက်ရှိပြီး ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း PDF(Kalay)က သတိပေးလိုက်ပါတယ်။ 

 PDF (Kalay) အနေဖြင့် ပြည်သူ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ် ထားတဲ့ ကျင့်ဝတ်စည်းကမ်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်လျက်ကြောင်း ထုတ်ပြန်ထားပါတယ်။ "

Kachin News Group 

PDF အမည်ခံကာ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေသူများအား အရေးယူမည်ဟု PDF(Kalay)ထုတ်ပြန် PDF အမည်ခံကာ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေသူများအား အရေးယူမည်ဟု PDF(Kalay)ထုတ်ပြန် Reviewed by THITHTOOLWIN on 07:42 Rating: 5

No comments:

Powered by Blogger.