ကျောက်ပြုတ်ရွာရှိ စစ်​စခန်းတစ်ခုကို ကလေးPDFတိုက်ခိုက် စစ်​သား၅ဦး​သေ၊ က​လေး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး


ကလေးမြို့နယ်တောင်ပိုင်း ကျောက်ပြုတ်ရွာရှိ စစ်အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF (Kalay) ဘက်မှတပ်ဖွဲ့ဝင်ရဲဘော် နှစ်ဦးကျဆုံးကြောင်း PDF (Kalay) က ယနေ့ (နိုဝင်ဘာ ၂၂ ရက်)ထုတ်ပြန်သည်။

စစ်အခြေစိုက်စခန်းအဖြစ်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် PDF (Kalay) တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့များက ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ လက်နက်ကြီးများ တရစပ်အသုံးပြုလာသည့်အပြင် ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးများတောက် လျှောက်ပစ်ကူ ပေးခဲ့သည်။


ထို့ကြောင့် နေ့လည် ၁ နာရီ ခွဲခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ကျောက်ပြုတ်ရွာတွင်တပ်စွဲထားဆဲဖြစ်သည်။ ရွာအတွင်း၌ ပြည်သူများနေထိုင်ခြင်းမရှိကြောင်း PDF (Kalay) က ဆိုသည်။

လက်ရှိစစ်ရေးအခြေအနေအရ ကလေးမြို့နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲများအ‌ချိန်မရွေးဖြစ်ပွားနိုင်သည့် သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်ကြစေလိုကြောင်း PDF (Kalay) က အသိပေးသည်။

စစ်ကောင်စီ၏သတင်းအချက် အလက်များပေးပို့ခြင်း နှင့် ထုတ်ပြန်ချက်များကိုလိုက်နာဆောင် ရွက်ခြင်းဖြင့် ပူးပေါင်းပါ‌ဝင်ပေးကြပါရန်လည်း PDF (Kalay)က မေတ္တာရပ်ခံသည်။

People's Spring 

ကျောက်ပြုတ်ရွာရှိ စစ်​စခန်းတစ်ခုကို ကလေးPDFတိုက်ခိုက် စစ်​သား၅ဦး​သေ၊ က​လေး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး ကျောက်ပြုတ်ရွာရှိ စစ်​စခန်းတစ်ခုကို ကလေးPDFတိုက်ခိုက် စစ်​သား၅ဦး​သေ၊ က​လေး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 17:04 Rating: 5

No comments:

Powered by Blogger.