ပေါင်မြို့နယ် PDF မှ NUG တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဝင်ရောက်

 


ပေါင်၊ နိုဝင်ဘာ ၂၉

ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဝင်ရောက်လိုက်ကြောင်း ဒီကနေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ကျွန်တော်တို့ရဲ့ အစိုးရပါ။ ကျွန်တော်တို့ အစိုးရရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ရောက်ပူးပေါင်းတာဖြစ်ပါတယ်လို့ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယခင်ကတည်းက ပူးပေါင်းဖို့ အစီအစဉ်ရှိခဲ့သော်လည်း အဆင်သင့်မဖြစ်သေးတဲ့အတွက် မဝင်ရောက်နိုင်ခဲ့သော်လည်း ယခုအခါမှာတော့ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ဖြစ်ခဲ့တဲ့ အတွက်ကြောင့် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထပ်ဆင့်ပြောပါတယ်။

ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ညွှန်ကြားမှုအတိုင်း နာခံလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပေါင်မြို့နယ်အတွင်း ယင်းတို့၏ စစ်ရေးလှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိနေပြီး ဆောင်ရွက်ချက်များကိုလည်း ထုတ်ပြန်နေသည့်အဖွဲ့တခုဖြစ်ပါတယ်။


သတင်း - သံလွင်တိုင်းမ်


ပေါင်မြို့နယ် PDF မှ NUG တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဝင်ရောက် ပေါင်မြို့နယ် PDF မှ NUG တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဝင်ရောက် Reviewed by THITHTOOLWIN on 00:34 Rating: 5

No comments:

Powered by Blogger.