PDF ၃ ဖွဲ့ပေါင်းပြီး ဆိပ်ဖြူမြို့နယ်က Mytel တာဝါတိုင်ကိုဖောက်ခွဲဖျက်ဆီး


မကွေး၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာက မိုင်တဲတာဝါတိုင်ကို နိုဝင်ဘာ ၁၈ရက်နေ့ မနေ့က ည၇နာရီမှာ CAF-MGPDF၊ PPDFနဲ့ King Fighter-SGF ၃ဖွဲ့က ပူးပေါင်းဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ မကွေး PDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်မှာ ပေါက်မြို့နယ်က ကြံ့ခိုင်ရေးရုံး နဲ့ ၃၁ရက်မှာ ဆိပ်ဖြူမြို့နယ် အင်းဂံကျေးရွာအနီးရှိ Mytel တာဝါတိုင် ကို မကွေး PDF က ဖောက်ခွဲခဲ့ပါတယ်။

နောက်နောင်တွင်လည်း စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသော ဒလန်များ၊စီးပွားရေးမိတ်ဖက်များ၊စစ်ခွေးများနှင့်ရဲခွေးများ၊စစ်ကောင်စီ၏အဓိကထောက်တိုင်များ၊အာဏာသိမ်းစစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်မှုများအားလုံးတို့ကိုမကွေးပြည်သူ့ကာကွယ်ရေးအဖွဲ့MGPDFကချေးမှုန်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

PDF ၃ ဖွဲ့ပေါင်းပြီး ဆိပ်ဖြူမြို့နယ်က Mytel တာဝါတိုင်ကိုဖောက်ခွဲဖျက်ဆီး PDF ၃ ဖွဲ့ပေါင်းပြီး ဆိပ်ဖြူမြို့နယ်က Mytel တာဝါတိုင်ကိုဖောက်ခွဲဖျက်ဆီး Reviewed by THITHTOOLWIN on 17:41 Rating: 5

No comments:

Powered by Blogger.