PDF-Kalay စခန်းသိမ်းပိုက်ခံရစဉ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကျဆုံး


November 18, 2021 

ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်အတွင်းက PDF-Kalay တပ်ရင်း ၃ တပ်ခွဲစခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက်တွင် ဝင်ရောက်သိမ်းယူစဉ် ဆေးတပ်က အမျိုးသမီး ၁ ဦးနဲ့ ရဲဘော် ၂ ယောက်က တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စတေးသွားကြတယ်လို့သတင်းရရှိပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ မိုင်ချင်းချင်း၊ ကိုမောယာ နဲ့ ကိုပွီးယာတို့ဖြစ်ပါတယ်။ အလောင်းကို ယနေ့က သွားယူကြပြီး ပုပ်ပွနေတာကြောင့် ယင်းနေရာမှာပဲ မြေမြုပ်သဂြိုလ်ကြပါတယ်။

PDF-Kalay တပ်ရင်း ၃ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ကျနော်တို့လူတွေက အလောင်းကိုတော့ရအောင်သွားယူမယ်ဆိုပြီး စခန်းကိုသွားကြတယ်။ စစ်ခွေးတွေက အဲ့မှာမရှိတော့ဘူးလေ။ ဒါပေမယ့် အလောင်းက ပုပ်ပွပျက်စီးနေလို့ အဲ့မှာပဲ သဂြိုလ်ကြတယ်။ စခန်းအနေအထားမှာတော့ ကျနော်တို့လူတွေကလည်း ပြန်တိုက်ခိုက်ကြတဲ့ပုံပဲ။ စစ်ခွေးဘက်လည်း ဒဏ်ရာရမယ့် အရိပ်အရာတွေ့ရတယ်။ ကျဆုံးသွားတဲ့ ကျတော်တို့ ရဲဘော်တွေက အသက် ၂၀ ဝန်းကျင်လောက်ပဲရှိကြတယ်” လို့ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးခံရတဲ့ PDF-Kalay တပ်ရင်း ၃ က ဆေးတပ်သား အမျိုးသမီး ၉ ဦးနဲ့ ဒဏ်ရာရရှိတဲ့စစ်သားတွေနဲ့အတူ ကလေးမြို့နယ် နဂါးပွတ်ကျေးရွာသို့ ဒီမနက်က ခြေခြေနဲ့သွားကြပြီး နေ့လည်ပိုင်းက PDF-Kalay နဲ့ CNDF တို့ပူးပေါင်းပြီး ဖမ်းဆီးခံရတဲ့ ဆေးသပ်သားတွေပြန်လည်ကယ်တင်ဖို့ကြိုးစားကြပါတယ်။

ဒါကြောင့် ကလေးမြို့ဘက်ကနေ စစ်ကားတွေနဲ့စစ်ကူရောက်လာကာ ယင်းကားကို မိုင်း ၃လုံးခွဲပြီးတိုက်ခိုက်ကြလို့ စစ်သား ၁၅ ယောက်ထိခိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်သားတွေက ကလေး-ဂန့်ဂေါလမ်းဘေးကနေ နဂါးပွတ်ရွာက ၄င်းတို့တပ်ဖွဲ့တွေအတွက် လက်နက်ကြီးနဲ့ ပစ်ကူကြပါတယ်။


Zalen Media

PDF-Kalay စခန်းသိမ်းပိုက်ခံရစဉ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကျဆုံး  PDF-Kalay စခန်းသိမ်းပိုက်ခံရစဉ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကျဆုံး Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.